Because of love🖤(Chapter10)

Start from the beginning
                                    

" bossဒီတစ်ခေါက်အပြင်သွားရင် ကျနော်လည်းလိုက်ခဲ့မယ်..''

" မရဘူး..''

" ဘာလို့လဲ..''

အတင့်ရဲပီးပြောနေတာကဘာကိုမှဂရုမစိုက်သလို.. Davidကလည်းအဲ့လိုမျိူးကိုမကြိုက်တာကြောင့် ဒီကောင်လေးကိုအာဏာပြရတော့မယ့်နဲ့တူတယ်.. ။

" မင်းကိုပြောထားတာအတွင်းရေးမှူးလက်ထောက်ဘဲ အတွင်းရေးမှူးလို့မပြောထားဘူး..''

အေးစက်တဲ့အသံကြီးနဲ့ Finnကိုစိုက်ကြည့်လာတာကြောင့် Finnလည်းသူပြောမိသွားတာကိုသတိပြန်ရပီး စိတ်ထဲရောက်ယက်ခက်သွားတာပေါ့..

" ဟုတ်.. ကျနော်တောင်းပန်ပါတယ် နည်းနည်းစိတ်လောသွားလို့ပါ..''

" အခုလောလောဆယ်တော့ အတွင်းရေးမှူးနားမှာနေပီးဘယ်လိုလုပ်ရလဲဘယ်လိုပြောဆိုဆက်ဆံရလဲဆိုတာကိုကြည့်ထား.. နားလည်တယ်ဟုတ်..''

" ဟုတ်..''

" ပြောစရာမရှိရင်သွားလို့ရပီး..''

Davidရဲ့ရင့်သီးတဲ့စကားက Finnကိုတော်တော်လေးစိတ်တိုစေသည်..သူ့ဘဝမှာတစ်ယောက်ယောက်ကိုလိုချင်လွန်းလို့အခုလိုအသဲအသန်လိုက်ခဲ့ရတာမရှိဘူးလေ..။ သူ့လိုရုပ်ရည်မျိုးနဲ့သူ့ရဲ့အရည်အချင်းပါရမီနဲ့ဆိုကြိုက်တဲ့သူကပေါလွန်းတယ်လေ..။ ဒါမယ့်လည်းရဖို့ခက်တဲ့အရာတွေကပိုပီးတန်ဖိုးကြီးတယ်မဟုတ်လား..။

* အခုတော့နေနှင့်ဦးပေါ့ Mr. Davidရာနောက်ကျရင်ခင်ဗျားသေချာပေါက် ကျနော်ကိုစွဲလမ်းလာစေရမယ်..* Finnကပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းကဖစ်ပေမယ့် ဒီမှာအလုပ်လာဝင်ရတဲ့အကြောင်းအရင်းကDavidနဲ့ချစ်သူတွေဖစ်ဖို့ဖစ်ပီး အမြန်ဆုံးရင်းနှီးရအောင်လို့အနီးကပ်ဆုံးနေနိုင်တဲ့အတွင်းရေးမှူးလုပ်ချင်ခဲ့တာ​ပေါ့..။

အခုလိုbossရဲ့အတွင်း​​ရေးမှူး တရားဝင်မဖစ်သေးတယ်အချိန်မှာပြဿနာရှာလိုက်ရင် ချစ်သူဖစ်ဖို့မပြောနဲ့မိတ်ဆွေဖစ်မယ့်အခွင်အရေးတောင်ဆုံးရှုံးမှာသေချာသလောက်..။ Finnကစိတ်မရှည်တဲ့သူဖစ်ပေမယ့်မာယာများပီးအကြံကြီးတဲ့သူဖစ်တာကြောင့် Finnလည်းရှေ့ကိုတက်မလို့နောက်တစ်လှမ်းလောက်ဆုတ်တယ်လို့ဘဲသဘောထားလိုက်တယ်..။

Because of love🖤[ Completed ]Where stories live. Discover now