အပိုင်း ၁၃

Start from the beginning
                                    

ဟုတ်ပါရဲ့။ ပြောဖို့ လိုသွားတယ်။ ဂျီမင်းမှာ ချာချာ့အပြင် သူငယ်ချင်းတစ်ယောက်ရှိသေးတာပဲ။ တခြားတော့မဟုတ်ပါဘူး အခုလက်ရှိ သူ့ရှေ့မှာထိုင်ပြီး ထမင်းစားနေတဲ့ ဂိတ်စောင့်လေးပါ​ပဲ။

"နီယို့အတွက်"

ဂျီမင်းသည် အိမ်ကလေးဆီမှ ယူဆောင်လာခဲ့သည့် အသားဗူးများကို ဂိတ်စောင့်လေးထံ ထိုးပေးလိုက်သည်။ ဂိတ်စောင့်လေးက အံ့ဩသွားသည့် အမူအရာနှင့်အတူ စားလက်စ ချိုင့်လေးကိုချလျက် ကမန်းကတန်းပင် လက်နှစ်ဖက်နှင့် လှမ်းယူလိုက်သည်။

ဂျီမင်းသည် ကျေနပ်သွားမှုကြောင့် ပြုံးလိုက်မိသည်။ အစပထမတုန်းကတော့ နီယိုဆိုတဲ့ဂိတ်စောင့်လေးက ဂျီမင်းဘာပေးပေး ငြင်းဆန်လေ့ရှိသည်။ ပေးတာမယူရင် သူငယ်ချင်းမလုပ်တော့ဘူးလို့ခြိမ်းခြောက်မှ အသည်းအသန်လက်ခံတဲ့ ဂိတ်စောင့်လေးပါပေ။

"သိမ်းမထားနဲ့ နီယို။ ငါ မင်းကိုစားစေချင်လို့ ပေးတာ"

"ဟုတ် ဟုတ်ကဲ့ပါ ဘရီယန်"

တစ်စုံတစ်ယောက်ဆီက မိမိအတွက်ရည်ရွယ်သည့် ပစ္စည်းတစ်ခုခု ပိုင်ဆိုင်ရတာကို ကျင့်သားရသေးပုံမပေါ်သည့် ဂိတ်စောင့်လေးက အသားဗူးတွေကိုတလှည့် ဂျီမင်းကိုတလှည့်ကြည့်ကာ ဘာလုပ်ရမယ်မသိ​ ဖြစ်လို့နေသည်။

"ဘရီယန် စျေးကိုသွားဦးမလို့လား?"

"အင်း ဟုတ်တယ်။ နီယို မှာစရာရှိလို့လား?"

"မ. . .မရှိပါဘူး"

"ဒါဆို ငါသွားတော့မယ်"

"ဟုတ် ဘရီယန်"

ဂျီမင်းသည် နီယိုဆိုသည့်ဂိတ်စောင့်လေးကို နှုတ်ဆက်ကာ ဂိတ်တဲလေးနှင့် ဝေးရာကို ချာချာနှင့်အတူ ပုံမှန်ခြေလှမ်းတို့ဖြင့် ထွက်ခွာခဲ့သည်။ ကျောပြင်​ငယ်ကို ခပ်သေးသေးသာ မြင်ရတော့သည်အထိ ဂိတ်စောင့်လေးက ငေးကြည့်နေမိဆဲ။

တချို့လူတွေက ဘာကြောင့် ဘရီယန်က တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းပါတယ်လို့ တထစ်ချပြောချင်ကြတာလဲ။ သူတို့သာ ဘရီယန့်ရဲ့နေရာမှာ တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ချင်းစာကြည့်တတ်ခဲ့မယ်ဆိုရင် ဒီလိုတွေ ပြောနိုင်ပါဦးမလား။

#000080Where stories live. Discover now