part 20(Unicode)

293 16 0
                                    

ကားဖြူလေးတစ်စီးက အလျိုလျိုအကန့်ကန့်လမ်းတွေကို ဖြတ်မောင်းလာနေသည်။မျက်နှာငယ်လေးနဲ့ကောင်လေးက ဘေးမှာထိုင်ရင်း ဘာစကားမှမပြောတာကြောင့် ကျွန်တော်ရင်ထဲအစိုင်ခဲကြီးတစ်ခုက တစ်ဆို့နေသည်။

"ဇယ်...ကိုတောင်းပန်ပါတယ်"

ဘေးနားကကောင်လေးဆီအကြည့်ပို့ရင်း ကားအရှိန်ကိုပါ လျှော့ထားရသည်။အပြုံးသဲ့သဲ့လေးတစ်ခုကိုပြုံးပြရင်း ကျွန်တော့်ဘက်လှည့်လာတဲ့ကောင်လေးဟာ စိတ်မကောင်းစရာတွေ ရှိနေတာတောင် ချစ်စရာကောင်းလွန်းနေသည်။

"အာ..ကိုလေးကလဲ၊မနေ့ကလဲ တောင်းပန်တယ် ခုနေ့လဲ တောင်းပန်ပြန်ပြီ၊ဘာအတွက်လဲကိုလေးရဲ့"

"မေမေ့အတွက်ပါဇယ်။ကိုလေ မင်းကိုအရမ်းလဲအားနာသလို စိတ်မကောင်းလဲဖြစ်ရတယ်"

"မဟုတ္တာပဲ ကိုလေးရယ်။အန်တီအဲ့လိုထင်ချင်လဲ ထင်သင့်ပါတယ်လေ။ကျွန်တော်ကိုက လိုက်နေမိတာပဲ။အမှန်တော့ ကျွန်တော်အဲ့ဒါတွေကို မမက္ဘူးသိလား ကိုလေး။ကျွန်တော် အချိန်လေးတစ်ခုထိ ဖေဖေ့အရိပ်လေးကို ခိုချင်ရုံလေးပါ။

ဘာရည်ရွယ်ချက်နဲ့မှ ကိုလေးတို့အိမ်ကို လာခဲ့တာမဟုတ်သလို။ကျွန်တော်ဘယ်အရာကိုမှ တက်မက်မှုမရှိဘူးဆိုတာ အန်တီသိပေးရင်သိပ်ကောင်းမှာပဲဗျာ"

တုန်ရီနေတဲ့ လက္ကေလးကို ကျွန်တော်ကိုင်ထားလိုက်သည်။ကျဆင်းလာတဲ့မျက်ရည်လေးတွေကို လက်တစ်ဖက်ကသုတ်ရင်း တောင်းပန်စကားကိုသာ အထပ်ထပ်ပြောနေမိသည်။

"ကို ယုံပါတယ်ဇယ်။ဒီလိုအခြေအနေတွေနဲ့ဇယ့်ကို ဆက်နေဖို့မတိုက်တွန်းချင်ပေမယ့် ဇယ့်အတွက်ကွန်ဒိုတစ်ခန်းတော့ ကိုဝယ်ပေးပါရစေ"

"မလုပ်ပါနဲ့ကိုလေးရာ ကျွန်တော့်အတွက်မလိုပါဘူး။ကျွန်တော့်မှာအိမ်လဲရှိနေတာပဲ။ငွေဆိုတာ ကျွန်တော်အသက်ရှင်နေသ၍တော့ ရှာလို့ရပါတယ်ဗျာ။မသေရုံဝမ်းဝရင်တော်ပါပြီ။ကျွန်တော်လောဘမကြီးတတ်ပါဘူး"

လောဘမကြီးတတ်တဲ့ကောင်လေးကို ကျွန်တော့်အတွက်တော့လောဘကြီးစေချင်ပါသည်။ချစ်စကားတွေပြောဖို့ အခြေအနေက ခုထိမေပးဘဲ ပြောမယ်ကြံတိုင်း အခက်အခဲတစ်ခုနဲ့ရင်ဆိုင်နေရတဲ့ကောင်လေးကြောင့် ပြောလို့မထွက်ခဲ့ပါ။လက်သီးကိုသာ ကျစ်ကျစ်စုပ်ထားရင်း ကားကို မှန်မှန်လေးမောင်းလာခဲ့ပါသည်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now