part 10(Unicode)

409 26 1
                                    

လူခေါ်ဘဲလ်သံကြောင့် ဟင်းအိုးကိုအမြန်ချရင်း ခြံရှေ့ကိုထွက်လာခဲ့၏။နဖူးပေါ်စီးကျနေတဲ့ ချွေးတို့ကို လက်တစ်ဖက်နဲ့သုတ်လိုက်မိတော့ နောက်လက်တစ်ဖက်မှာ ပါလာတာက ဟင်းမွှေတဲ့ဇွန်းတစ်ချောင်း။ငါနဲ့တော့ ခက်ပါပြီ။

ခြံရှေ့မှာရပ်နေတဲ့သူကြောင့်ခေါင်းနပန်းကြီးသွားရ၏။မနေ့က သေချာမမြင်ခဲ့ရပေမယ့် ခုနေ့မြင်လိုက်ရတဲ့အရပ်ကြောင့် သွေးတောင်တိုးချင်သွားသည်။ငါ့နှယ် လူမှဟုတ်ရဲ့လားမသိ။ဟိုဘဝက ထန်းပင်တွေများ လှူခဲ့လား။

"ဟိတ်..ဟာကြာ...ငေးနေပြန်ပြီ"

"မဟုတ်..မဟုတ်ပါဘူး။ဘာကိစ္စရှိလို့လဲပြော"

လူမိသွားတော့လေသံက တစ်မျိုး။တတ်လဲတတ်နိုင်တယ် ဒီကောင်လေး

"ခြံထဲတောင်ပေးမဝင်တော့ဘူးလား"

နှုတ်ခမ်းလေးဆူရင်း လူကိုခေါင်းစခြေဆုံးကြည့်နေသေး၏။ငါနော် လူကို
ဘာများထင်နေလဲမသိဘူး။

"ဟုတ်..လာပါဗ်"

ဇွန်းတစ်ဖက်နဲ့ ခြံတံခါးလာဖွင့်ပေးတဲ့ပုံထောက်တော့ ဒီကောင်လေးဟင်းချက်နေတာများလား။တစ်ယောက်တည်းနေတာတော့ မဟုတ်နိုင်ပါဘူး။တစ်ခါတစ်လေ အမျိုးသမီးတစ်ယောက်ရဲ့လက်ကို တွဲပြီး ခြံထဲလမ်းလျှောက်နေတာ မြင်ဖူးပါတယ်။

အရိပ်ရအပင်တော်တော်များများက ခြံထဲမှာနေရာယူထား၏။အပင်တွေအုပ်ဆိုင်းနေတဲ့အိမ်ကလေးက နေချင်စရာကောင်းလွန်းသည်။
ဧည့်ခန်းဆီဦးတည်လျှောက်လာတော့ နွမ်းလျလျခန္ဓာကိုယ်နဲ့ အမျိုးသမီးတစ်ယောက်က တရားစာအုပ်ဖတ်နေရင်းမှ မော့ကြည့်လာပြီး ချိုသာတဲ့အပြုံးတစ်ခုနှင့်ပြုံးပြနေ၏၊

"ထိုင်ပါအုံး..ကျွန်တော် သောက်စရာတစ်ခုခုသွားလုပ်ပေးမယ်"

"အာ..ရပါတယ်၊နေပါစေတော့ မသောက်တော့ပါဘူး"

"မဟုတ်တာသားရယ်ကော်ဖီလေးတော့သောက်သွားပါ။ဇယ်..သြားသား ကော်ဖီဖျော်လာခဲ့"

တရားစာအုပ္ကို စားပွဲပေါ်အသာအယာတင်ရင်း ဧည့်သည်နဲ့စကားစမြည်ပြောနေလိုက်သည်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now