part 4(Unicode)

565 35 0
                                    

အိပ်ခန်းပြတင်းမှာ တပ္ထားတဲ့ လိုက်ကာစလေးတွေက တိုက်ခတ်လာတဲ့လေမှာ လြတ္လပ္စြာ လွင့်မြောနေကြသည်။မျက်လုံးကို အတင်းဖွင့်ကာ အိပ်ရာကို အားယူကာထလိုက်သည်။

ခပ်လှမ်းလှမ်း စားပွဲထက်မှာ တင်ထားတဲ့ စားပွဲတင်နာရီလေးက မနက်ခုနှစ်နာရီထိုးဖို့ တစ့််ငါးမိနစ်လိုသေးကြောင်း ပြသနေ၏။

ပွနေတဲ့ဆံပင်ကို လက်ချောင်းများနှင့်
အသာအယာဖြီးလိုက်ပြီး စောင်ကိုပါ တစ်ခါတည်းခေါက်လိုက်၏။ခန်းဆီးစများကို
ဆွဲဖယ်ရင်း အညောင်းညာဆန့်လိုက်တော့ မျက်စိရှေ့မှာ မြင်နေရတာက စံပယ်ပင်လေးမှာ ပွင့်လန်းနေတဲ့ စံပယ်ပွင့်လေးများ။

မျက်နှာကို အျမန္သစ္ကာ ဇကာသေးလေးကိုယူပြီး
ခြံထဲဆင်းလာလိုက်သည်။ခူးထည့်လိုက်တော့ စံပယ်ပွင့်လေးများဟာ ဇကာသေးသေးထဲမှာ
ချစ်စဖွယ်ကောင်းလှ၏။ သင်းပျံနေသော ရနံကို နှလုံးသားထဲထိအောင် မှတ်ထားလိုက်၏။

ကြွေပန်းကန်ဖြူလေးဖြင့် စံပယ်ပန်းလေးများကို ဘုရားမှာကပ်လှူပြီး ဆုတောင်းနေမိသည်က မေမေကျန်းမာရေး အမြန်ကောင်းလာစေဖို့။

မေမေ့အတွက်ချန်ထားတဲ့ စံပယ်ပွင့်လေးများကို သီထားလိုက်သည်။ခေါင်းဖြီးတိုင်း ကျွတ်လာတဲ့မေမေ့ဆံပင်ထွေးတွေကြောင့် မေမေ့ဦးခေါင်းထက်မှာ အရင်လို ဆံထုံးကြီးကြီးမရှိတော့။ဆံပင် ခပ်ပါးပါးသာ ကျန်တော့၏။

မနက်စာပြင်ဆင်ကာ မေမေ့ကို သွားနှိုးမည်လုပ်တော့ အခန်းထဲမှပင် မေမေထွက်လာ၏။
ကြည်လင်နေသော မေမေ့အပြုံးကို ကျွန်တော် အပြုံးတစ်ခုဖြင့်လက်ခံယူရင်း စံပယ်ပန်းကုံးလေးကို မေမေ့ထံ ကမ်းပေးလိုက်တော့ မေမေက ခပ်မြန်မြန်ပင် ခေါင်းထက်မှာ ပန်လိုက်၏။

"သား ဈေးသွားတော့မလို့်လား"

"ဟုတ်တယ် မေမေ။မနက်စာပြင်ဆင်ပြီးပြီးနော်။မေမေစားဖို့ပဲ လိုတော့တယ် ဆေးတွေပါတစ်ခါတည်းထုတ်ထားတယ်နော်မေမေ"

ခပ်မြန်မြန်အစီရင်ခံနေသော သားဖြစ်သူကို ငေးကြည့်ရင်း မျက်ရည်တွေက ဝဲမိ၏။
ဒီလို လိမ္မာပြီးချစ်စရာကောင်းတဲ့ ကေလးကို  ထားခဲ့ရေတာ့မွာပဲဆိုတဲ့စိတ္က လူကိုသတ်၏။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now