part 3(Unicode)

662 39 0
                                    

ကောင်းကင်တစ်ခွင်တွင် တိမ်ညိုတို့က မင်းမူနေ၏။
တိုက်ခတ်လာသော လေပြေတို့တွင် ကျွန်တော်စိုက်ထားတဲ့ စံပယ်ပင်လေးတွေဆီမှ သင်းပျပျရနံ့လေးက နှစ်လိုဖွယ်ကောင်းလှသည်။

မိုးရာသီဖြစ်လို့အပင်များကို ရေလောင်းစရာပင်မလို။
သဘာဝရဲ့လက်ဆောင် မိုးရေက အပင်ငယ်တို့ကို
လန်းဆန်းအောင် ဆေးအဖြစ်ရွာသွန်းပေးနေခြင်းကြောင့်လို့
ကျွန်တော် တွေးလိုက်၏။

ဖြူစွတ်စွတ်စံပယ်ပွင့်လေးများကို စကာအသေးလေးထဲသို့ ခူးထည့်နေရင်းမှ
ညေန နေဝင်ခါနီးကို သတိထားမိလိုက်သည်။
စကာလေးကို လက္က ကိုင်ရင်း အိမ်ထဲဝင်လာတော့ ဧည့်ခန်းမှာ တရားနာနေတဲ့ မေမေက ကျွန်တော့်ကို ခပ်ရဲ့ရဲ့ပြုံးပြနေ၏။

"မေမေ ထမင်းစားတော့မလား"

"အခုအချိန် မစားသေးဘူးပြောရင် မေမေ့သား ဆရာကြီးက ဆူအုံးမယ်မလား"

"မေမေကလဲဗျာ။ဆေးကအချိန်မှန်သောက်ရမှာမလို့
ဆရာကြီးလုပ်ရတာကို"

နှုတ်ခမ်းလေးဆူကာ ကျွန်တော်က ပြန်ဖြေရင်း မေမေ့ကိုယ်လေးကို ပြေးဖက်လိုက်တော့
"ကလေးလဲမဟုတ်တော့ဘူး အမေကိုချွဲတုန်း"ဆိုတဲ့ မေမေ့ရဲ့ ရွှတ်နောက်နောက် အသံလေးကိုပါ တစ်ဆက်တည်း ကြားရ၏။

ထမင်းစားခန်းသို့ မေမေ့ကို ခေါ်လာရင်း ဟင်းများကို နွေးကာ ပန်းကန်ကြီးငယ်ထဲသို့ ခူးခပ်ထည့်လိုက်၏။
မေမေကတော့ မချက်တတ်ချက်တတ် ကျွန်တော့်လက်ရာကို စားရင်း ကောင်းတယ်ဟု
အမြဲမှတ်ချက်ပေးတတ်သူဖြစ်သည်။

"စားကောင်းလားမေမေ။များများစားနော်။ဒါမှ မေမေအားရှိမှာ"

"စားကောင်းပါတယ်သားရယ်"

သားမိနှစ်ယောက်ထမင်းလက်ဆုံစားပြီး မေမေ့ကိုသောက်ရမယ့်ဆေးတွေ ဖောက်ပေးရင်း ရေတစ်ခွက်ပါ အဆင်သင့်ခပ်ပေးလိုက်၏။

ဆေးကြောစရာပန်းကန်များကို ဘေဇင်မှာ ဆေးရင်း ပြတင်းပေါက်မှ ကောင်းကင်ယံဆီ မော့ကြည့်မိတော့ ကြယ်လေးတွေမတွေ့ရ။ ပျိုးပြက်သောလျှပ်စီးပန်းနွယ်တို့
အရောင်တို့ကသာ တဖြတ်ဖြတ်ထနေသည်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now