part 12(Unicode)

312 22 0
                                    

ကားပေါ်ကဆင်းလိုက်ပြီး ချစ်ရသူရဲ့လက်မောင်းတစ်ဖက်ကို ခပ်ဖွဖွလေးချိတ်လိုက်တော့ ဂျွန်ရဲ့မနှစ်သက်ဟန်ပါနေတဲ့မျက်ဝန်းတို့ဥပက္ခာပြုရင်း အိမ်ထဲကိုဝင်လာခဲ့လိုက်သည်။ကျွန်မက မရရအောင်ယူမှာမလို့ ရှင်သိပ်သွေးကြီးမနေပါနဲ့လို့ စိတ်ထဲမှာသာပြောရင်း နှစ်လိုဖွယ်အပြုံးတစ်ခုကို ဆင်မြန်းထားလိုက်သည်။

ခုတေလာ ဂျွန်ကသိသိသာသာကျွန်မကိုရှောင်နေသည်။အရင်ပြည်ပမထွက်ခင်က ညုတုတုစကားတို့နဲ့အမြဲရင်ခုန်အောင်လုပ်တတ်သူက ခုတော့အကြောင်းပြချက်မရှိမျက်နှာတည်ဖြစ်နေသည်။ရှင်နဲ့ကျွန်မကြားမှာ ရှိနေတဲ့အလွှာပါးကဘာလဲဆိုတာ ကျွန်မ အရမ်းသိချင်နေပြီ။

"ဟယ်...မောင်လေးဂျွန်နဲ့ရှင်းနီတို့ပါလား၊လာလာ အိမ်ထဲဝင်ကြ၊အစ်မက အန်တီတို့လာမယ်ထင်နေတာ၊မေမေက သူ့သူချင်းတွေကို မျှော်နေတာလေ"

"ဟုတ်တယ်သားနဲ့သမီးရယ်၊အဲ့ဟာမတွေအန်တီကို စိမ်းကားနေကြတာ တစ်ခါလေးတောင်ပေါ်မလာကြဘူး"

"မေမေနဲ့အန်တီက သူတို့ရတနာပစ္စည်းတွေကြား မအားလပ်ဖြစ်နေတာ အန်တီရေ၊ခုလဲမအားဘူးဆိုလို့
ရှင်းနီထွက်လာရတာ"

ရှင်းနီနဲ့ဂျွန်ရဲ့ relationshipပုံစံကို သိနေတာကြောင့်ထွေထွေထူးထူးတော့ဘာမှမမေးဖြစ်တော့။ရဲတင်းပွင့်လင်းတဲ့ ရှင်းနီရဲ့ပုံစံကို သဘောမကျမိပေမယ့် သူငယ်ချင်းလုပ်သူ ခင်မမက ငွေမျက်နှာသိပ်ကြည့်တတ်တာကြောင့် ဒီလိုခွင့်ပြုထားတဲ့အကြောင်း အနည်းအကျဉ်းတော့ရိပ်မိသည်။

"လာ...မောင်လေးနဲ့ညီမလေး"

အစွန်ဆုံးမှာရှိနေတဲ့ စားပွဲဝိုင်းတစ်ခုဆီ သံသာကခေါ်ကာဧည့်ခံလိုက်သည်။အိမ်ထဲရောက်နေတာတောင် မောင်လုပ်သူရဲ့သူငယ်ချင်းဖြစ်သူ ဂျွန်ရဲ့လက်ကို ချိတ်ထားတဲ့ ရှင်းနီကို မျက်မုန်းကျိုးမိတာကတော့အမှန်ပါ။ဂျွန်ရဲ့မျက်နှာလဲရွာတော့မယ့်မိုးလို ညိုနေသည်။ဒီဟာမ တော်တော်မလွယ်တာပဲ။

"ဂျွန်..ပန်းကန်ပေးလေရှင်းနီ ဟင်းရည်ထည့်ပေးမယ်၊ရော့ ဒီမှာကြက်သားဖက်များများလေး"

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now