part 18(Unicode)

299 20 3
                                    

ဆိုင်အဝင်ဝရဲ့ဘေးတစ်ဖက်ဆီမှာ ကျောက်အိုးကြီးတွေနဲ့ စနစ္တက် စိုက်ပျိုးထားတဲ့ပန်းပင်တွေကို ငေးမောကြည့်နေတဲ့ဇယ်ရဲ့ မျက်နှာလေးက ရွှင်လန်းလို့နေသည်။ဘယ်အချိန်မှာမဆို ခပ်မှန်မှန်သာနေတတ်တဲ့ဇယ်က အပင်လေးတွေနဲ့တွေ့ခဲ့အချိန်မှာဆို ထူးခြားစွာရွှင်ပျနေတတ်တယ်၊

ဟူး....လူမသိအောင် ဓာတ်ပုံခိုးရိုက်ရတဲ့အဖြစ်ကလဲ ခက်လှချည်လား။အချစ်ကြောင့်..အချစ်ကြောင့်။နှစ်ဦးနှစ်ဖက် မျှဝေနိုင်ခြင်းမရှိသေးတဲ့အချစ်ဆိုပေမယ့် ကျွန်တော့်ဘက်က အချစ်ကတော့သူ့အပေါ်လေးနက်မှုတွေများစွာ ပျော်ဝင်နေပါတယ်။

တစ်ချို့ဝိုင်းတွေက ကောင်လေးတစ်ချို့ကလည်း ဆိုင်အဝင်ဝဘေးမှာ စိတ်လိုလက်ရပြုံးပြီး အပင်တွေကိုယုယစွာကိုင်နေတဲ့ ဇယ့်ကို သမင်လည်ပြန်ကြည့်နေကြတာကြောင့် စိတ်ကထောင်းကနဲထလာပြန်သည်။

"မြန်မြန်လာပါဇယ်ရာ..ဒီမှာဗိုက်ဆာလို့သေတော့မယ်"

"ဗ်ာ..အာ..ဟုတ်သားပဲကိုဆက်ဗိုက်ဆာနေတာကို သတိမထားမိလိုက္ဘူး၊ေဆာတီးပါဗ်ာ"

ကျွန်တော့်ဆီလာနေတဲ့ကောင်လေးကို စောင့်မနေတော့ဘဲ သူရှိရာဆီအမြန်သွားကာ လက်တစ်ဖက်ကိုဆွဲကိုင်လိုက်တော့ ကောင်လေးက မျက်လုံးလေးလှန်ကြည့်လာပြန်သည်။ဟုတ်သားပဲ..ကျွန်တော်ဒီနေ့သူ့ကို အသားယူခဲ့တာများပြီလေ။

ဆိုင်ရဲ့ထောင့်ဆုံးဝိုင်းကိုဦးတည်သွားနေတဲ့ ဆက်ခန့်ရဲ့ပုံစံက ကမ်ဘာကြီးကို သူတစ်ယောက်တည်းအပိုင်ရလိုက်တဲ့မှော်ဆရာလိုလို။စမ်းသက်ချက်တွေအောင်မြင်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ သိပ္ပံပညာရှင်ပမာ ကြွကြွရွရွလေး လျှောက်လှမ်းသွားနေ၏။

"ဇယ်ဘာစားမလဲ။ဘာထပ်မှာရအုံးမလဲ"

"တော်ပြီကိုဆက်..ဒီလောက်ဆိုရပါပြီ။စားချင်တာရှိရင်ထပ်မှာကိုဆက် ကျွန်တော်ကျွေးမှာပါ။"

"ဒါဆို..ဒါတွေမြန်မြန်လေးလုပ်ပေးပါညီလေး။သွားစရာရှိသေးတာမလို့"

လက်ဖက်ရည်ကိုငှဲ့ရင်း စားပွဲထိုးကောင်လေးကို မှာနေတဲ့ ကိုဆက်ရဲ့ပုံစံက အရှိန်အဝါတစ်ခုရှိကိုရှိသည်။ဘယ်သူနဲ့မဆို တည်တည်တံ့တံ့ ကိုဆက္က ကျွန်တော့ကိုဆို ဦးစားပေးပြီးပျော်အောင်ထားတတ်သည်။တစ်ခါတစ်လေဆိုရင်တော့ ဒေါသအိုးလဲဖြစ်နေတတ်သေးသည်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Onde as histórias ganham vida. Descobre agora