လွီနင်က တစ်ခါတစ်ရံ ဝေ့ဒါသူ့ကို ပရော်ပရည်လုပ်တာတွေ စိတ်တိုထွက်တာတွေ ရှိလိမ့်မယ်လို့ ထင်ပေမယ့် အခုတော့ ဒီလိုလုပ်ရပ်တွေ လုပ်မယ့်ပုံ မပေါ်တော့ပေ။

ဝေ့ဒါက သူ့လက်ထဲက အစားအသောက်အိတ်ကို ကူသယ်ပေးလိုက်သည်။

"တော်လိုက်တဲ့ညီလေး  "
ဆိုင်ရှင်က ရယ်မောလိုက်သည်။
" မင်းက အခုမှကျောင်းတက်နေတုန်းလေ။ နောက်တစ်ခါ မင်းမရီးကို မင်းအက်ိုနဲ့အတူတူ စျေးဝယ်လွှတ်လိုက်။ မင်းကတော့ စာကြိုးစားရမယ်။"

"ကျွန်တော်က အခုထိ လက်ထပ်မရသေးဘူး "

လွီနင် ဝေ့ဒါကို တစ်ချက်ငဲ့ကြည့်ပြီး ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။

ဘေးနားမှာရပ်နေတဲ့ ဝေ့ဒါက အပြုံးဖျော့ဖျော့လေးနဲ့ သူ့ကိုကြည့်လာသည်။

သူက စိတ်ထဲမထားတဲ့ပုံပင်။

လွီနင် ဝေ့ဒါကို ဖိအားအများကြီးမပေးချင်ပေ။ သဘာဝကျကျပဲ ပုံမှန်လူ့အဖွဲ့အစည်းထဲမှာ ဖြည်းဖြည်းချင်း ဝင်ဆံ့နိုင်ရန်ပဲ မျှော်လင့်မိသည်။

ဒါပေမယ့် ဖိအားဆိုတာ အခုလို အခြေအနေမျိုးပင်။ အပြင်လူတွေက ဘယ်လောက်ပဲ နားလည်အောင် ကြိုးစားကြိုးစား လူတစ်ယောက်ရဲ့ အတွေးကိုတော့ ဘယ်လိုမှ နားမလည်နိုင်ကြပေ။

*************************************

မနက်ပိုင်း နောက်ဆုံးလူနာကို ကြည့်ပြီးတော့ မွန်းတည့်လုနီးပါးဖြစ်နေပြီ။ စီနီယာ အမတစ်ယောက်က ဂျူတီကုတ်ကို ချွတ်ပြီး မေးလာသည်။

" လွီနင် ဒီနေ့ရော ဘာဟင်းထည့်လာလဲ။"

"အမ်.. "
လွီနင် လက်ဆေးပြီး နေ့လည်စာဘူးထည့်ထားတဲ့အိတ်ကို ယူခဲ့လိုက်သည်။

" မင်း လျိုကျင်းနဲ့ မကြာမကြာ နေ့လည်စာမစားတော့ဘူးနော်။ အလုပ်နားရက်ဆိုလည်း မင်းတို့နှစ်ယောက် အတူတူ လျှောက်မလည်​ဖြစ်ကြတော့ဘူး ထင်တယ်။"

" ကျွန်တော် တစ်ခါတစ်လေတော့ စျေးဝယ်ထွက်ဖြစ်ပါတယ်။ သိပ်လည်း မဆ်ိုးပါဘူး။"
လွီနင်က ထမင်းဘူးအိတ်ဖွင့်ရင်း ပြန်ဖြေလိုက်သည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now