Because of love🖤(Chapter3)

Start from the beginning
                                    

ကားစီးလာတဲ့တစ်လျောက်လုံး Lucasကလည်းဘာမှမပြောတာကြောင့် ရှင်းလည်း အပြင်ကိုဘဲငေးကြည့်နေလိုက်သည်...

ရှင်းအိမ်ကနေဆိုတော်တော်ဝေးပီး တော်တော်ကြာကြာ မောင်းလာပီးမှ ခြံအကြီးကြီးတစ်ခု အရှေ့မှာကားရပ်သွားတာမို့ ရှင်းလည်းသိချင်စိတ်နဲ့အပြင်ကို ကြည့်လိုက်သည်..။

ခြံတံခါးကအစအကြီးကြီးဖစ်တာကြောင့် ရှင်း အံ့သြပီး ဘာပြောရမလဲတောင်မသိတော့..

* ဝါးး အကြီးကြီးဘဲရော..*

ညမှောင်နေပေမယ့် မီးလင်းထိန်နေတဲ့ခြံဝင်းကျယ်ကြီးကို ဝင်လာတဲ့တစ်လျောက်လုံး အနောက်မှာထိုင်ပီး ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ရှင်းမှာ ပါးစပ်တောင်မစိနိုင်..

ခနလေးကြာတော့ ​စံအိမ်ကိုရောက်တာကြောင့် Lucasကားရပ်လိုက်ပီး ကားပေါ်ကအရင်ဆင်းကာ ရှင်းအတွက်တံခါးဖွင့်ပေးလိုက်သည်..

ရှင်းမှာ မျက်စိရှေ့မှာရှိနေတဲ့အိမ်ကြီးကို ကြည့်ပီး မေ့ပါမေ့လဲချင်သည်.. အိမ်မှာတော်တော်လေးကြီးပီး တော်တော်လှသည်..

ရှင်းဒီလိုအိမ်မျိုးကို ရောက်ဖူးမယ်လို့အိမ်မက်တောင်မမက်ဖူးခဲ့တာကြောင့် ကိုယ်နဲ့မဆိုင်တဲ့နေရာရောက်သလိုတောင်ခံစားရသည်...

* အမလေး ငါမေ့လဲတော့မယ် ဒါက LKရဲ့bossနေတဲ့အိမ်ပေါ့လေ ငါနဲ့မဆိုင်တဲ့နေရာလိုဘဲ ဝင်ရမှာတောင် အိမ်လေးကိုနှမြောလိုက်တာ.....*ရှင်းအိမ်ကြီးကိုကြည့်ပီးပါးစပ်တောင်မစိနိုင်တော့..

" Mr. Shin... ''

" ဟင်.. ဟုတ် တောင်းပန်ပါတယ် ဘာပြောလိုက်တာလဲ..''

Lucasရှေ့ကပိစိလေးကအိမ်ကိုကြည့်ပီးဘာတွေစဥ်းစားနေလဲမသိLucasခေါ်တာမကြားတာကြောင့် လက်ကိုတို့ပီးသုံးခါမြောက်ခေါ်လိုက်မှသတိပြန်ဝင်လာတယ်လေ..

" ကျနော်နောက်လိုက်ခဲ့ပါ bossအထဲမှာစောင့်နေပါတယ်..''

" ဟုတ်...''

ရှင်းတို့အိမ်ထဲဝင်လာတော့ ရှင်းအိမ်ပတ်ပတ်လည်လျောက်ကြည့်နေမိသည်..တစ်အိမ်လုံးမှာသန့်ပြန့်နေပီးနန်းတော်ကြီးအလား.. အိမ်ရဲ့တိုင်လုံးကြီးတွေမှာအကြီးကြီးဖစ်ပီးလှပကာ လှေကားဆိုတာကလည်း အမြင့်ကြီး..အိမ်ရဲ့နံရံတွေမှာလဲအဖိုးတန်ပန်းချီကားတွေချတ်ဆွဲထားပီး အလှပန်းအိုးတွေမှာလဲမှန်ဘောင်ဘဲထည့်ကာ ဂရုတစိုက်ထိန်းသိမ်းထားတဲ့ပုံပင်..။

Because of love🖤[ Completed ]Where stories live. Discover now