Because of love🖤(Chapter1)

Start from the beginning
                                    

" ငှာနမှူး sorryပါ ကျနော်နည်းနည်းနောက်ကျသွားတယ်..''

" အော် အတွင်းရေးမှူးရှင်း..နောက်မကျပါဘူးရပါတယ်..''

" ဟုတ်ကျေးဇူးပါ.. ဒီမှာအစည်းအဝေးမှာတင်ပြရမယ့်အချက်အလက်တချို့ပါ.. ''

" ကောင်းပါပီး အစည်းအဝေးချိန်ကျရင် ရှင်းbossကိုခေါ်ပီးလာလိုက်ပါ ကျနော်အားလုံးစီစဥ်ထားလိုက်ပါမယ်..''

" ဟုတ်ကျေးဇူးတင်ပါတယ်.. ဒါဆိုခွင့်ပြုပါဦး..''

ရှင်း ကုမ္ပဏီရောက်ရောက်ချင်းငှာနမှူးရုံးခန်းကိုသွားလိုက်ပီးပြောစရာရှိတာပြောပီးတော့မှ ရှင်းအလုပ်လုပ်တဲ့နေရာမှာလုပ်စရာရှိတာလုပ်နေလိုက်သည်..

အစည်းအဝေးချိန်ရောက်တော့မှာဖစ်တာကြောင့် ရှင်းလုပ်လက်စလေးတွေကိုရပ်ထားလိုက်ပီး ရှယ်ယာရှင်တွေကိုဖုန်းဆက်ပီးအကြောင်းကြားထားလိုက်သည် အခုတော့bossကိုသွားခေါ်ဖို့သာကျန်တော့တာကြောင့် Jackရုံးခန်းဆီကိုရှင်းသွားလိုက်သည်။

ဒေါက်ဒေါက်..

" bossကျနော်ပါ''

" ဝင်ခဲ့''

ရုံးခန်းထဲဝင်ဝင်ခြင်း bossရဲ့ဘေးနားမှာထိုင်နေတဲ့မိန်းကလေးတစ်ဦး သူမကိုကြည့်ရတဲ့ပုံမှာရှင်းဝင်လာသည်ကိုစိတ်ပျက်သွီားသည်ထင်သည် ရှင်းကိုစိတ်ဆိုးတဲ့ပုံနဲ့မဲ့ကာကြည့်နေတာကြောင့်ရှင်းလန့်သွားသည် ထိုမိန်းကလေးကိုကြည့်ရတာ bossရဲ့အရှုပ်ဇယားထဲကအခုလက်ရှိတစ်ယောက်ဖစ်မယ်ထင်သည်..

" boss အစည်းအဝေးက10နာရီဆိုစတော့မှာမလို့လာပြောတာပါ ရှယ်ယာရှင်တွေစည်းဝေးခန်းမှာစောင့်နေပါတယ်..''

" မင်းအရင်သွားထားလိုက် ငါလိုက်ခဲ့မယ်..''

" ဟုတ်''

အဲ့အမကြီးကြည့်တာကို ရှင်းအတော်လေးနေရခက်ပီး ကြောက်လည်းကြောက်တာကြောင့် Jackရုံးခန်းထဲက မြန်မြန်ထွက်လာလိုက်သည်..။

အတွင်းရေးမှူးတစ်ယောက်အနေနဲ့လည်း တာဝန်ကရှိတာကြောင့် ရှင်းစာရွက်စာတန်းတွေယူပီး အစည်းအဝေးခန်းကိုအရင်သွားနှင့်လိုက်သည် နောက်ခနလေးကြာတော့Jackရောက်လာတာကြောင့်အစည်းအဝေးကိုစတင်လိုက်သည်။

Because of love🖤[ Completed ]Where stories live. Discover now