Because of love🖤(Chapter1)

Start from the beginning
                                    

စိတ်ညစ်နေရင်လည်း တစ်ယောက်ယောက်အပေါ်ရင်မဖွင့်ရဲဘဲ တစ်ယောက်ထဲသာအမြဲတမ်း ကြိတ်မှိတ်သည်းခံခဲ့ရတာမလို့ ရှင်းစိတ်ညစ်တိုင်း ဒီကိုသာလာပီးဖြေဖျောက်ရစမြဲပင်..။

ရှင်းငေးနေတာအတော်ကြာသွားပီး နေလည်းဝင်သွားပီးမလို့ ရှင်းအတွေးတွေကိုရပ်လိုက်ပီးအိမ်ကိုပြန်လာခဲ့လိုက်သည်။

ရှင်းအသက်17နှစ်မပြည့်ခင်ကတည်းက
တစ်ယောက်ထဲ​နေရသည် ရှင်း မေမေနဲ့ဖေဖေနဲ့က ရှင်း တက္ကသိုလ်ပထမနှစ်ကတည်းက accidentကြောင့်ဆုံးသွားတာမလို့ အတော်လေးအထီးကျန်စရာကောင်းတာပေါ့...

ရှင်းမှာဆွေမျိုးသားချင်းဆိုလို့ ဖေဖေ့အမတစ်ယောက်ရှိပေမယ့် ပိုင်ဆိုင်မှုတစ်ပြားတစ်ချက်မှမရှိတဲ့ရှင်းကို တာဝန်မယူချင်တာကတော့မဆန်းဘူးလေ..

ရှင်း New Yorkကိုလာနိုင်တယ်ဆိုတာကလည်း ရှင်းပညာရေးထူးချွန်တာကြောင့်ရတဲ့ပိုက်ဆံတချို့ရယ် ပီးတော့ကျောင်းတက်ကတည်းကအလုပ်တွေကြိုးစားပန်းစားလုပ်ပီး စုခဲ့တဲ့ကျေးဇူးတွေကြောင့်..။

New Yorkမှာ ရှင်း အလုပ်လာလုပ်တာ အခုဆို6လ ကျော်ကျော် လောက်ရှိနေပီး ရှင်းရဲ့အရည်အချင်းကြောင့် ရှင်းအလုပ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင် bossရဲ့အတွင်းရေးမှူးဖစ်လာတာပေါ့..။

အတွင်းရေးမှူးဆိုပေမယ့်လည်း နာမည်အရသာကြည့်ကောင်းတာပါ bossအစားလုပ်ရတဲ့အလုပ်တွေရောပီးတော့bossရဲ့မိန်းမရှုပ်သမျှကိစ္စတွေပါလိုက်ရှင်းနေရသည်မှာအမြဲပင်.....

မလုပ်ချင်ဘူးလို့လဲပြောလို့မရဘူးလေ bossသာအလုပ်ဖြုတ်လိုက်ရင် ရှင်းဒုက္ခရောက်သွားမှာပေါ့..အဲ့လိုကိစ္စတွေကအစပိုင်းမှာ တော်တော်ခက်ခဲခဲ့ပေမယ့် နေသားကျသွားလို့ထင်တယ်ရှင်းအတွက် ပုံမှန်လိုတောင်ဖစ်နေပီး...

___________________________________

နောက်တနေ့ မနက်...

နှိုးစက်အော်သံကြောင့်ရှင်းနိုးလာသည် ဒီနေ့က တော်တော်အရေးကြီးတဲ့အလုပ်ရှိတာကြောင့် ရေချိုးပီးအဝတ်စားလဲကာ မြန်မြန်ထွက်လာခဲ့သည်.. ။

ရှင်းနေတဲ့နေတဲ့နေရာကသာမန်ရပ်ကွက်ကတိုက်ခန်းမျိုးဖစ်ပီး ကုမ္ပဏီနဲ့ကအတော်လေး ဝေးတာကြောင့် ရှင်းနေ့တိုင်းအိမ်ကနေ
စောစောထွက်လာရတာပေါ့...

Because of love🖤[ Completed ]Where stories live. Discover now