လွီနင်က မှုတ်တမ်းစာရွက်ကိုယူလိုက်ပြီး ဘောပင်နဲ့ ဖြည့်လိုက်သည်။ သူဖုန်းက ကောင်လေးသူ့ခါးကို ပထမဆုံးအကြိမ် ဖက်လိုက်ကတည်းက မရှိတော့ချေ။ ဘယ်လောက်ရှာရှာ ပြန်မတွေ့တော့။
ရဲတွေပြောတာတော့ ကားထဲက ကြံရာပါနောက်တစ်ယောက်ကို လက်လွှဲပေးလိုက်ပြီတဲ့။

ပြည်တွင်းဖြစ်ဖုန်းလေးကို ဘာလို့ ဒေါ်လာရာချီပြီးပေးရလည်းဆိုတာ လွီနင်နားမလည်တော့ပေ။ ဖုန်းက ဈေးမများပေမယ့် သူ့အတွက်တော့ နောက်တစ်လုံးဝယ်ဖို့ ဈေးကြီးလွန်းနေသည်။

" ရပြီ။"
လွီနင် မှုတ်တမ်းကို ရဲသားလေး လက်ထဲကို ပြန်ပေးလိုက်သည်။

ရဲက ယူပြီး တစ်ချက်ကြည့်လိုက်ကာ
" ကြည့်ပါရစေဦး... နာမည်၊ ဖုန်းနံပါတ်....OK..
မင်းဖုန်းပြန်ရရင် အကြောင်းကြားပေးပါ့မယ်။ "

" အဆင်ပြေလား... အခု ကျွန်တော်တို့ သွားလို့ရပြီလား"

ရဲသားလေးက လက်ပြလျက်
" ဒါ အဆင်ပြေပါတယ်.. သွားလို့ရပါပြီ"

လွီနင်က သူ့ပစ္စည်းတွေကို ကောက်ယူပြီး ဘေးနားက လျိုကျင်းကို ပြောလိုက်သည်။
" သွားကြမယ် "

" အရမ်းဆိုးရွားတာပဲ"
လျိုကျင်းက ထရပ်ရင်း ဒေါသထွက်နေတုန်းပဲ။
" ဖုန်းတစ်လုံးလုံး ခိုးပြီးတာတောင် မလုံလောက်သေးဘူးလား။ ထပ်ပြီးတော့ "

" ကျွန်တော်တို့လည်း ဘာမှမလုပ်နိုင်ဘူး။ ကလေးတွေက ခိုးနေကြတုန်းပဲ။ ကျွန်တော်တို့လည်း သူခိုးတွေကို အမုန်းဆုံးပဲ"
ရဲသားလေးက ပြန်ဖြေသည်။

"အထူးသဖြင့် အသက်မပြည့်သေးတဲ့ ကလေးတွေ။ သူ့တို့ကို ဘာမှမလုပ်နိုင်ဘူးလေ။"

လျိုကျင်းက မေးသည်။
"သူတို့မိသားစုတွေက ဂရုမစိုက်ကြဘူးလား။"

" ဘယ်သူက သိမှာလဲ "
ကောင်လေးကို ဆူပူနေတဲ့ လူလတ်ပိုင်းရဲက ဒေါသတကြီး ပြန်ဖြေသည်။
" သူတို့အားလုံးက လူဆိုးဂိုဏ်းဝင်တွေလေ။
သူတို့ ငယ်ငယ်တုန်းက ကောင်းကောင်းမွန်မွန် မသင်ကြားခဲ့ရတော့ ခိုးပြီးရင်း ခိုးနေတော့တာပဲ"

ကောင်လေးက ရယ်စရာတစ်ခုကို ကြားလိုက်ရသလို ရုတ်တရက် သူ့နှုတ်ခမ်းတွေ ကွေးညွတ်သွားပြီး ရဲသားကြီးကို ပြောလေသည်။
" ခင်ဗျားက အရမ်းတော်တာပဲ။"

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now