"ဟုတ်ကဲ့"

ရှောင်းကျန့် ကားကိုသေချာမောင်းပြီး အိမ်ကိုပြန်လာခဲ့သည်။
သူတို့ကားနောက်က လိုက်လာသည့်ကားတစ်စီးကိုတော့ နှစ်ယောက်လုံး သတိမထားမိကြပေ။

-
-
-

ရှောင်းကျန့် သူ့ကိုကူညီပေးသည့်ဝိညာဥ်တွေကို တစ်ခုခုလုပ်ပေးချင်တာကြောင့် Haikuanအရင်တစ်ခါတုန်းကမေးသည့် နတ်ဆရာမကိုခေါ်ကာ မေးမြန်းခဲ့သည်။
နတ်ဆရာမရဲ့ပြောကြားချက်အရ တိုက်အောက်မှာ မြှုပ်ထားသည့် သူတို့အလောင်းတွေကို ကောင်းကောင်းဂူသွင်းပေးဖို့ တောင်းဆိုသည်ကြောင့် ရှောင်းကျန့် ဝမ်သူဌေးကိုအကျိုးအကြောင်းပြောပြီး အလောင်းတွေကိုဖော်ကာ ကောင်းကောင်းဂူသွင်းပေးခဲ့သည်။

ယခု သူလုပ်ရမည့် တာဝန်အားလုံးပြီးဆုံးကာ ရဲဝန်ထမ်းအလုပ်ကနေလည်း ထွက်လိုက်သည်။
မနက်ဖြန်ဆို ပါးပါးနှင့်အတူ အေးချမ်းသည့် တောင်ပေါ်မြို့လေးမှာ သွားနေတော့မည်။
မနက်ဖြန် ဒီမြို့ကနေထွက်သွားတော့မှာမလို့ ရှောင်းကျန့် တစ်နေ့လုံး အထုပ်တွေအားလုံးသိမ်းဆည်းပြီး ပင်ပန်းတာကြောင့် အိပ်ပျော်သွားသည်။
အိပ်ပျော်သွားပြီး သိပ်မကြာခင် ဖုန်းသံကြားတာကြောင့် အိပ်ချင်မူးတူးနှင့် နာမည်မကြည့်ဘဲ ကိုင်လိုက်မိသည်။

"ဟယ်လို..."

"ည၇နာရီကျရင် ကျွန်တော်တို့ပထမဆုံးတွေ့ခဲ့တဲ့ coffeeဆိုင်လေးနားက ပန်းခြံကိုလာခဲ့ပါ။ မလာမချင်း ထိုင်စောင့်နေမှာမလို့ လာခဲ့ပါ"

ရှောင်းကျန့် ရဲ့အိပ်ချင်နေသည့်စိတ်က ရိပေါ် အသံကြားမှ ပျောက်သွားရသည်။
ငြင်းဆိုဖို့ ပါးစပ်ဟလိုက်ပေမယ့် ရိပေါ်ကဖုန်းချသွားတာကြောင့် ငြင်းခွင့်မရလိုက်ပေ။
ဖုန်းလည်း ပြန်မဆက်ချင်တော့တာကြောင့် သွားတွေ့ဖို့ဆုံးဖြတ်လိုက်သည်။

ရှောင်းကျန့် အိပ်ယာပေါ်ကထပြီး နာရီကြည့်လိုက်တော့ ၅နာရီခွဲနေပြီမလို့ ရေအမြန်ချိုးလိုက်သည်။
ဆောင်းဦးဝင်လာပေမယ့် ရာသီဥတုကမအေးသေး ညပိုင်းဆိုရင်တော့ အေးစိမ့်စိမ့်လေးဖြစ်လာပြီမလို့ အနွေးထည်အပါးလေးထပ်ဝတ်လိုက်သည်။
ပါးပါးနှင့် ညစာအတူတူစားပေးပြီး ရိပေါ်ပြောသည့်နေရာကိုထွက်လာခဲ့သည်။

SECRET ( Completed)Where stories live. Discover now