ကောင်ငယ်လေးက ပိန်ခြောက်ပြီး ရိုင်းစိုင်းတဲ့ ကလေးလေး။ သူက တိတ်တိတ်လေးနေတတ်ပြီး စကားနည်းတယ်။ အပေါ်ယံမှာတော့ နာခံတတ်တဲ့ပုံပေါ်ပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ ရက်စက်မှုတွေကို မြင်နိုင်တယ်။

လွီနင်က ဒီလိုထူးဆန်းတဲ့ မျက်လုံးတွေကို မကြိုက်ဘူး။  ၁၀ နှစ်သား ကလေးက နုံအတာနဲ့တော့ မဆိုင်ပေမယ့် ကလေးက ကလေးနဲ့ပဲ တူသင့်တယ်။ ဒါက အရမ်းကြောက်ဖို့ကောင်းတယ်​လေ။

ဒါက လွီနင် ထိုမိန်းမကို မုန်းရတဲ့ အဓိက အကြောင်းပဲ။ သူမက အဖေရှေ့မှာ သိမ်မွေ့ယဥ်ကျေးပေမယ့် သူ့မသားကတော့ ကြောက်စရာ မျက်လုံးတွေ ရှိနေသည်။

အစပိုင်းတော့ ကောင်လေးက နတ်ဆိုးပေါက်စလေးနဲ့ တူတယ်လို့ထင်တယ်။ လွီနင်လမ်းလျှောက်ရင် နောက်ကနေ တိတ်တိတ်လေး ငေးကြည့်နေတတ်တယ်။ လွီနင်ကျောင်းက ပြန်လာရင်လည်း ကောင်လေးက သူ့အနောက်မှာ မတ်တပ်ရပ်ရင်း အကြင်နာတရားမရှိတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတာကို တွေ့ရတတ်ပြန်တယ်။

"မင်း ဘာတွေကြည့်နေတာလဲ?"

"ဘာမှမဟုတ်ဘူး"

ကောင်လေးက မျက်လုံးတွေကို ပေါ့ပေါ့ပါးပါး လွှဲလိုက်သည်။ သူ့ရဲ့ ပုံစံက ပုံမှန်ဆယ်နှစ်သားတွေနဲ့ လုံးဝကွဲပြားနေသည်။

လီနင်က  ကောင်လေးအပေါ်မှာ သာမန်လူတစ်ယောက်ကို စိတ်စွမ်းအင်ရှိတဲ့ လူထူဆန်းတစ်ယောက်က စိုက်ကြည့်ခံနေရသလိုမျိုး နားလည်ရခက်တဲ့ ကြောက်ရွံ့မှုမျိုးရှိနေမိတယ်။ သူတို့နှစ်ယောက်ထဲရှိတဲ့အခါတိုင်း သူထွက်ပြေးချင်နေမိတယ်။ အဲ့လိုအချိန်ဆို စာအုပ်ကိုပိတ်ပြီး အခန်းထဲကနေ ထွက်ခဲ့လိုက်တယ်။

"ခင်ဗျား သိလား" ကောင်လေးက ရုတ်တရက်ပြောသည်။
"အမေ့ ယောကျ်ား ထွက်ပြေးလာပြီး ခင်ဗျား အဖေကို တွေ့သွားပြီ"

လွီနင် ကောင်လေးကို လှည့်ကြည့်လိုက်တယ်။
ကောင်လေးက ပြုံးပြီး ထပ်ပြောပြန်တယ်။
"အမေ အရူးလုပ်တာ မခံနဲ့။ သူက ဟန်ဆောင်နေတာ။"

Nowhere to Go (Myanmar Translation) ✔️Место, где живут истории. Откройте их для себя