[6]

1.1K 171 1
                                    

အိပ်ပျော်နေတယ့် သူ့အရှေ့က
ကောင်လေးရဲ့လက်ကလေးကို
မလွှတ်တမ်းဆွဲကိုင်ထားမိတယ်....

သူဒီလက်တွေကို လွှတ်ပစ်ခဲ့မိလို့..

....မောင်.....
အိပ်ပျော်နေတာ
တစ်နှစ်တောင်ကျော်နေပြီ....

သူ့နဲ့ လောကကြီးတစ်ခုလုံး မေ့ဖျောက်ပြီး
ငြိမ်းချမ်းစွာ မောင် အိပ်စက်နေတာ
တစ်နှစ်တောင်ကျော်နေခဲ့ပြီ.....

အရင်ကထက်ပိုပိန်သွားတယ့်မောင်
ဖြူ ဖျော့ဖျော့နဲ့မောင်က ငြိမ်းငြိမ်းချမ်းချမ်း
အိပ်စက်နေတယ့် မောင်က
နတ်သားလေးတစ်ပါးအတိုင်းပါပဲ.....

"မောင် အိပ်နေတာ တစ်နှစ်တောင်ရှိပြီလေ
နိုးထ လာသင့်ပြီမဟုတ်ဘူးလား
အရမ်းအိပ်တာ
မကောင်းဘူးလေမောင်ရဲ့ "

အဆုံးမာအဖျားခတ်တုန်ရီသွားတယ့် အသံ....

"မောင်ပဲ ကိုယ့်ကိုလွမ်းပါတယ်ဆို..
အခုကျ ဘာဖြစ်လို့အိပ်နေရတာလဲ "

သူ အိတ်ထဲကနေ အညို ရောင်ဒိုင်ယာရီစာအုပ်
လေးကို ထုတ်လိုက်တယ်.....

"မောင်ရဲ့ စာအုပ်လေးတောင် ကုန်တော့မာပဲ"

သူ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီးခဲ့ပြီးတယ့်
အချိန်တုန်းက သူတအား ဝမ်းနည်းခဲ့ရသည်...

မောင်က သူ့ကို ဘယ်လောက်လွမ်းကြောင်း..
သူ့ကိုတွေ့ချင်ကြောင်း....
သူ့ကိုချစ်တယ့်အကြောင်းတွေ ရေးထားကို
သိရပြီးတယ့် အချိန်မာ သူ့ကိုယ့်သူ
တအားဒေါသထွက်မိခဲ့တယ်.......

မောင်အိပ်ပျော်နေတယ့် အချိန်အတွင်းမာ
သူအားရင်အားသလို စာအုပ်လေးထဲမာ
ချရေးမိတယ်..

မေပယ်ရွက်လေးတွေကတော့ မပါမဖြစ်ပေါ့..

" မောင်ရေ...."

စာအုပ်လေးကို ရင်ထဲပိုက်ထားပြီး
မောင့်လက်ကို ဆုပ်ကိုင်ထားဆဲ...

*********
အပြာရောင်မိုးကောင်ကင်ကြီး......

တစ်ဖြူးဖြူးတိုက်ခတ်နေတယ့်လေက
သူ့ရဲ့ဆံသားတွေကြားကို ဖြတ်ပြီး
တိုက်ခတ်နေလေသည်...

စိမ်းစိုနေတယ့် မြက်ခင်းပြင်က သူခြေဖဝါး
အောက်မှာ....

မြက်ပင်တို့ရဲ့ အေးစက်စက်အထိအတွေ့ကို
သူ့ရဲ့ ခြေဖဝါးလေးမှ ခံစားနေမိလေသည်.....

Diary Of Maple [pjm × jjk]Dove le storie prendono vita. Scoprilo ora