[4]

1.2K 183 2
                                    

ပုစွန်ဆီရောင်ညနေခင်းဟာ တိမ်တိုက်တွေ
ထူထပ်နေသဖြင့် လိမ္မော်ရောင်တိမ်တိုက်
တွေ စီရီနေတာက သိပ်ကိုလှပနေသည်။

သို့ပေမယ့် တိုက်ခတ်နေတယ့် လေပြေက
ဝမ်းနည်းနေသယောင်ယောင်..။

ကြေကွဲမှုအဖော်ပြု..ခေါင်းငိုက်စိုက်ဖြင့်
သူလမ်းလျှောက်နေမိတယ်...

ဒီနေ့သူစိတ်တွေလေးနေသလိုပင်....

သူ့လက်ချောင်းထိပ်က ကပ်ထားတယ့်
ပလာစတာကိုအကြည့်ရောက်မိတော့..

ဒီနေ့ လုပ်သမျှအရာတွေဟာတစ်ခုမှ
အဆင်မပြေ....

ပန်းဆိုင်ဖွင့်လာတစ်လျှောက် ပန်းတွေန
ဲ့ပတ်သက်ပြီး ဘာထိခိုက်မှုမှမရှိတယ့်သူက..

သိပ်လှတယ့်နှင်းဆီပန်းတွေရဲ့ ဆူးတွေန
ဲ့ဆူးမိသည်တယ့်လေ...

ပန်းအိုးနှစ်လုံးဟာလည်း မကွဲစဖူး
ကွဲခဲ့သည်..
ကောက်သိမ်းလိုက်တယ့် ဖန်ကွဲစတွေဟာ
လည်း လက်ဖဝါးထက်ကို လှလှပပ
ရေးခြစ်လိုက်ပြန်တယ်..။

မှားပို့မိတယ့် ပန်းစည်းတွေကြောင့်လည်း
သူတောင်းပန်ခဲ့ရသည်..။

ကိစ္စအားလုံးကိုခြုံငုံကြည့်လိုက်လျှင်..
ဒီနေ့သူ့အတွက်ပြသာဒါးနေ့ပင်....။

ထို့ကြောင့် ဆိုင်ကိုပင် စောစောသိမ်းကာ
အိမ်ကိုသာအမြန်ပြန်နေမိတယ်......

ရုတ်တရက် သတိရသွားတာ မေပယ်ပင်ကြီး

ဒီနေ့မသွားရသေးဘူးပဲ....

တစ်ဖက်လမ်းကို ကူးရန်ကြည့်မိတော့..
မြင်လိုက်ရ‌တယ့် အရိပ်လေးတစ်ခု....။

မေပယ်ပင်ကြီးအောက်မာ
ကျောပေးထားတယ့်အရိပ်လေး.....

အရိပ်မြင်ရုံမျှပင် မှတ်မိနေလောက်သည့်
တမ်းတမ်းစွဲဖြစ်ခဲ့ရပါသော
သူသုံးနှစ်တာ စောင့်မျှော်ခဲ့ရတယ့် လူသား...

"အကို.."

နှုတ်မှတိုးတိုးရေရွတ်လိုက်ခြင်းသည်..
အံ့သြမှုကြောင့်ဆိုတာမလွဲမသေ..။

//အကို!!!//

လှည့်ကြည့်လာတယ့် ကျွန်တော့်ချစ်ရသူ..

Diary Of Maple [pjm × jjk]Where stories live. Discover now