[3]

1.4K 195 2
                                    

အကို့ရဲ့ ‌ကျွန်တော့်ကို မောင်လို
ခေါ်သံလေးတောင်
မကြားရတာ နှစ်နှစ်ကျော်ပြီပဲ...။

အိမ်မက်ထဲမာ ညတိုင်းတွေ့ရ‌တယ့်
အကိုပုံရိပ်လေးကို ကျွန်တော်အမြဲတမ်း
ဖမ်းဆုပ်နေမိတယ်....//

အိမ်မက်ထဲမာ အကိုအမြဲ
ကျွန်တော့်ကိုပြောတယ်
"မောင့်ကို ချစ်တယ်"တဲ့...။

အရင်တုန်းက အကိုကျွန်တော့်ကို
အမြဲပြောခဲ့သလိုပေါ့...//

အကိုဘက်ကကျွန်တော့်ကို
တကယ်ချစ်ခဲ့လားမသိခဲ့ပေမယ့်
အကိုချစ်တယ်လို့ ပြောခဲ့တာကို
ကျွန်တော်ရူးရူးမိုက်မိုက် ယုံခဲ့တာပါဗျာ...//

ညတိုင်းကျွန်တော်ဖက်အိပ်ရတယ့်
ကျောပြင်သေးသေးပိုင်ရှင်
အကို့ကို လွမ်းတယ်...//

ချမ်းလာရင် ကျွန်တော့်ရင်ခွင်ထဲကို
အတင်းတိုးဝင်လာတတ်တယ့်
အကို့ကို လွမ်းတယ်......//

အကိုနဲ့အတူအိပ်စက်‌ခဲ့တယ့်အိပ်ရာကြီးက
အခုတော့ အေးစက်လျက်....

ဝရံတာမာထိုင်ပြီးအတွေးလွန်နေတယ့်
ကျွန်တော်....
အချိန်မာ ည နှစ်နာရီတောင်ရှိပြီပဲ...//

အရင်တုန်းကဆို စောစောအိပ်ဖို့အမြဲအိပ်ဖို့
အမြဲပြောတတ်တယ့်အကို....//

လေအေးတွေတိုက်ခတ်မှုက ပါးပြင်ပေါ်က
မျက်ရည်တွေကို ‌ခြောက်သွေ့စေတယ်.....

‌ထိန်ထိန်သာနေတယ့်လမင်းကြီးကို
အကြောင်းမဲ့‌မော့့ကြည့်‌နေမိတယ်..။

အကိုရော အခုချိန် ဒီလမင်းကြီးကို
ိုကြည့်‌နေမလား...//

အကိုလည်း အခုချိန်ဒီလမင်းကြီးကို
ကြည့်နေမယ်ဆိုရင်
ကျွန်တော်ရဲ့ စကားတွေကို ကြားနိုင်ပါစေ..//

သူပြန်ဝင်ခဲ့တယ် အရင်အတူထိုင်ဖူးသော
ဝရံတာကနေ.....//

ခေါင်းအုံးပေါ်ကို ဘေးတစ်စောင်းလှဲမိတော့
မျက်ရည်တစ်စက်ကခေါင်းအုံးပေါ်သို့...။

ဒီအိမ်က သူ့အတွက်ဆိုပြီး
ဝယ်ပေးခဲ့တယ့် အိမ်လေး.....//

မိုးပြာနုရောင်လေး သုတ်ထားတယ့်
အိမ်လေးက သူ့‌မွေး‌နေ့အတွက်ပေးတယ့်
အကိုရဲ့မွေးနေ့လက်ဆောင်တယ့်....။

Diary Of Maple [pjm × jjk]Where stories live. Discover now