Believe 32

4K 243 8
                                    

Zaw

ထိကပ်ထားသော နှုတ်ခမ်းသားများ မကြာမီ ပြန်လည်ခွာလိုက်​​ကြ​သည်။ ပိုင့်ပါးလေးအား ဦးဟိန်းကိုင်ထားကာ....
"ချစ်တယ်ကလေး...ဦး..ကလေးကိုအရမ်းချစ်တယ်..."
"ဟီး...ကလေးကောပဲ...ကလေးကော ဦးဟိန်းကိုချစ်တယ်"

"ဖြောင်း...ဖြောင်း.... ဖြောင်း.... " ပတ်ဝန်းကျင်က လက်ခုတ်သံများကြောင့် ပိုင်ကြည့်လိုက်တော့.... မိုးသစ် ဝနနှင့် ဒီဇိုင်နာအစ်ကိုပင်....မိမိတို့အား လက်ခုတ်တီးကာ မှောင်ရိတ်ထဲက ထွက်လာကြသည်။

"ငါ့သူငယ်ချင်းလေး congratulations ပါ...."
"Bossတို့အချစ်တွေ ကမ္ဘာတည်သရွေ့ ပျော်ရွှင်စွာ နေနိုင်ပါစေ..."
"ဟိန်းတို့တွေ ဒီထက်မက များများ ချစ်နိုင်ပါစေ"

ကိုယ်ဆီဆုပေးစကားကြောင့် ဦးဟိန်းနဲ့ပိုင် အတော်ပင်​ပျော်သွားကြသည်။

နောက်တော့ D ပိုင့်ရှေ့သို့လျှောက်လာပြီး လက်ကမ်းပေးကာ
"ဆိုင်ကိုလာတုန်းက သေချာမမိတ်ဆက်လိုက်ရဘူး။ ဟိန်းလေလောနေတာ...ခုတော့ တရားဝင်မိတ်ဆက်မယ်နော်။ အစ်ကို့နာမည်က D ဟိန်းနဲ့ရွယ်တူပဲ...."

Dကမ်းပေးသော လက်အား ပိုင်ပြန်ဆုတ်ကိုင်ရင်း
"ဟုတ်ကဲ့...ကျွန်တော့်နာမည် ပိုင်ဇင်ထွန်းပါ။ ခုလိုရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... "

"ပိုင်...မင်းဒါဆိုရင် ဒီထက်မကတောင် Dကိုကျေးဇူးတင်သင့်တယ်နော်" မိုးသစ်ပြောသောစကားကို ပိုင်လဲနားမလည်တာကြောင့်

"ဘာဖြစ်လို့လဲ မိုးသစ်"
"ဒါလား....မင်းတို့ကြားထဲက အထင်လွဲမှုတွေကို ရအောင်ဖော်ထုတ်ပေးခဲ့တာ အစ်ကိုDပေါ့"

ပိုင်တကယ်ကို ကျေးဇူးတင်မိသည်။ မိမိကသာ သတ်သေပြချင်တယ်ပဲပြောနေတာ ဘယ်ကနေ ဘယ်လိုစလုပ်ရမှန်းမသိ....

"ဟုတ်လား...ဒါဆိုထက်ပြီး ကျေးဇူးတင်ပါရစေ...အစ်ကိုD"
"ရပါတယ်နော်...အမှန်ပြောရရင် တို့က ပိုင်တကယ်ပဲ ဟိန်းကိုခုလိုလုပ်မလုပ် ဖော်ထုတ်ချင်တာပါ။ မထင်မှတ်ပဲနဲ့ပဲ ပိုင်က ခုလိုလူမဟုတ်မှန်း သိရတာ..."

"ဒါနဲ့ အစ်ကိုD ဘယ်လိုသိသွားတာလဲဟင်"
"ကဲကဲ...ဒီအတိုင်းရပ်ပြီးပြောနေရင် ကလေး​ခြေထောက်နာလိမ့်မယ်...ဟိုမှာ ထိုင်ပြီး စားရင်းသောက်ရင်း ပြောကြတာပေါ့"

Believe (Complete)Tahanan ng mga kuwento. Tumuklas ngayon