Believe 18

4.2K 273 8
                                    

Zaw

ဦးတည်ရာ နေရာကတော့ ကလေးရှိရာဆီသို့......

"ဘာလို့မရှိရတာလဲ!!!!"
"ဒီဂိုထောင်ပိုင်ရှင်က ဦးရဲထွဋ် ပါ။ သူနဲ့ပတ်သတ်နေပါတယ်...."

"ရဲထွဋ် ဟုတ်လား။ ဟက်....ဒီကောင်ကတော့ ငါ့ကိုပြိုင်လဲ နိုင်တာကျနေတာပဲ...."
ဦးရဲထွဋ် ဆိုတာ ဦးဟိန်းဇေထက် နဲ့ ငယ်ငယ်ထဲက တစ်ကျောင်းထဲသားတွေပင်။

မိဘတွေက စီးပွားပြိုင်ဘက်တွေလဲ ဖြစ်တာကြောင့် တစ်ယောက်တစ်ယောက် သိပ်အမြင်မကြည်ကြပေ။
ရဲထွဋ် က ငယ်ငယ်ထဲက ဟိန်းဇေထက် ကို အရာရာလိုက် ပြိုင်နေကျပင်။

ဟိန်းဇေထက် က အေးဆေးနေတတ်တာကြောင့် ရဲထွဋ် ဘယ်လောက် ပြိုင်ပြိုင် ကိုယ့်ဘာသာနေတတ်သည်။ ရဲထွဋ် က ပြိုင်တိုင်းလဲ မနိုင်တာ သိသိရက်နဲ့ ပြိုင်နေတတ်သည်။

အရင်ကတော့ ရှိနေသည်လို့တောင်မမှတ်သော ဦးဟိန်းက ခုတော့ ဒီကောင့်ကို သေလောက်အောင် သတ်ချင်နေပြီ....မိမိကလေးနဲ့ ပတ်သတ်နေပြီမှတ်လား.....
_____________

"ခင်ဗျား ဘာလုပ်မလို့လဲ ဖယ်...ကျွန်တော် မဝတ်ဘူး...ဖယ်လို့!!" ပိုင့်အပေါ်အင်္ကျီကို အတင်းချွတ်ကာ ဇာမပါးသား ရင်ခံအင်္ကျီလေးကို ဝတ်ပေးနေသော ဦးရဲထွဋ်......

"Baby နဲ့လိုက်လို့...."
"ဖယ်...ခင်ဗျား...ဖယ်!!!"
"အ့..." ပိုင် အားကုန် ရုန်းလိုက်သောကြောင့် ဦးရဲထွဋ် နောက်သို့ လန်သွားသည်။ ကျောနာသွားသောကြောင့် ဦးရဲထွဋ် အတော်ဒေါသထွက်ကာ တောက်ခေါက်ပြီး အခန်းထဲက ပြန်ထွက်သွားသည်။

ပိုင် တကယ်စိတ်ညစ်နေပြီ...ခုချိန်ဆို မိဘတွေလဲ အတော်စိတ်ပူနေပြီမှတ်လား။ မေမေဆို ဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ မေမေက နဂိုထဲက သားနည်းနည်းဖြစ်ရင် များများ စိတ်ပူတဲ့သူမှတ်လား။

"ဖေဖေ...မေမေ...သားကို ဟင့်...လာကယ်ပါလား...သားဒီမှာမနေချင်ဘူး...သားအိမ်ပြန်ချင်လို့ပါ....ဟင့်...." မျက်ရည်များ ပါးပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာသည်။

ဒီနေ့ညတော့ ကောင်လေးတစ်ယောက် အိပ်ယာပေါ်မှာ မျက်ရည်များစွာနဲ့ ထပ်အိပ်ပျော်သွားပြန်သည်။
.
.
.
'ဝုန်းး!!!' အိပ်မောကျနေရင်း အခန်းတံခါးအား စောင့်ဖွင့်သံကြားလိုက်တော့ လူကပါ အလိုလို ထိုင်ရက်ဖြစ်သွားသည်။

Believe (Complete)Where stories live. Discover now