Believe 28

4K 249 4
                                    

Zaw

ခေါင်းထဲနောက်ကျိကျိနဲ့ မျက်လုံးများလဲ လေးလံစွာ ပွင့်လာသည်။ နောက်နေသောခေါင်းကို စိတ်ငြိမ်ငြိမ်ထားကာ မျက်လုံးများဖွင့်ကြည့်လိုက်တော့ အဖြူရောင် မျက်နှာကြပ်ကြီးတစ်ခု....
နှာခေါင်းထဲလဲ ဆေးနံ့များ မွှန်နေအောင်ရနေသည်။

"ပိုင်အဆင်ပြေလား..." ဘေးဘက်ကနေ ပိုင်၏အလုပ်က သူငယ်ချင်းဖြစ်သူ မိုးသစ်မှ မေးလိုက်ခြင်းဖြစ်သည်။
"အင်း...ငါအဆင်ပြေပါတယ်...ငါဆေးရုံရောက်နေတာလား"

"အေးဟုတ်တယ်...ဆရာဝန်ပြောတာတော့ မင်း ညအိပ်ရေးပျက်တာကော အစားပျက်တာကြောင့်ကော အားနည်းပြီး မူးလဲတာတဲ့...."
"ဟုတ်လုပ်မှာပေါ့...ဒါနဲ့ ငါ့မိဘတွေကော သိသွားကြသေးလား"

အစိုးရိမ်တကြီးမေးနေသော ပိုင့်ပုခုံးကို မိုးသစ်ထိကိုင်ကာ
"မင်းအကြောင်း ကောင်းကောင်းသိတယ်...စိတ်ချ ပြောမပြထားဘူး...ပြီးတော့ မင်းသတိလစ်နေတာ မနေ့ညနေထဲက တစ်ရက်ပြည့်တော့မယ် "

ပိုင်က စိတ်ညစ်စရာကြုံလာရင် အရင်ဆုံးမိဘတွေမသိစေချင်တာ မိုးသစ်သိတာပေါ့။ သူ့ကြောင့် စိတ်ပူတာတွေ မဖြစ်စေချင်ဘူးလေ။

"ဟုတ်လား...." တုန်ရင်နေသော ပိုင့်အသံကြောင့် မိုးသစ်သတ်ပြင်းချကာ...
"ခုတော့ ငါ့ကိုဘာမှမမေးနဲ့ဦး...ငါ မင်းအနားမှာနေပေးမယ်နော်....ပြီး.."

"ညီ.." မိုးသစ်ပြောမည့်စကားများ တံခါးနားကခေါ်သံကြောင့် ချက်ချင်းပိတ်သွားကာ မျက်နှာရှုံ့မဲ့သွားသည်။

"ဟင်...အစ်ကိုဝန...ဦးဟိန်းကော..." ပိုင် ဝနအားတွေ့ကာ မျှော်လင့်ချက်ကြီးစွာ မေးလိုက်ပင်မဲ့ ဝနကခေါင်းပြန်ခါပြသည်။

"ပိုင် သက်သာလား....ဘာစားချင်လဲ အစ်ကိုသွားဝယ်ပေးမယ်လေ..." ဝနမေးတာကို ပိုင်အသာလေးခေါင်းခါပြကာ
"သက်သာပါတယ်...ကျွန်တော် ဘာမှမစားချင်ဘူး"

ညှိုးငယ်နေသော ပိုင့်မျက်နှာကိုကြည့်ရင်း မိုးသစ်လဲ စိတ်မကောင်း...
"ကြက်စွပ်ပြုတ်ဖြစ်ဖြစ် သွားဝယ်ပေးလေ..."

"အင်းအင်း...ရော့...ကြေးအိုး...ညီစားရအောင် ကိုဝယ်လာတာ...စားလိုက်နော်...ကို သွားဝယ်လိုက်ဦးမယ်" စပ်ဖြီးဖြီးဖြစ်နေသော ဝနကြောင့် ပိုင့်မှာ မျက်လုံးအပြူးသား။
ဒါအစ်ကိုဝန သေချာပါတယ်နော်

Believe (Complete)حيث تعيش القصص. اكتشف الآن