Zaw
"ထိုးလိုက်ပိုင်....ပိုင်စိတ်သက်သာရာ ရမယ်ဆို ငါ့ကိုထိုးလိုက်....ပြီးရင်...ငါ့ရင်ခွင်ထဲအေးဆေးလာနေတော့"
"မင်းရူးနေပြီ စွမ်း""ဟုတ်တယ် ငါမင်းကို ချစ်လို့ကို ရူးနေတာ"
"ဟက်...မင်းက ငါ့ကိုချစ်တာမဟုတ်ဘူး...မင်းကိုယ်မင်းချစ်နေတာ...""ငါမသိဘူးပိုင် ငါမင်းကို လိုချင်တာပဲသိတယ်"
ပိုင် ခုလိုပြောနေလို့ ဘာမှ ထူးမလာမှန်း သိတာကြောင့် ထွက်လာလိုက်သည်။*စွမ်း မင်းလုပ်ရက်ကို ငါရအောင် ဖော်ထုတ်ပြမယ်*
တောင်းပန်ပါတယ် လို့ မပြောချင်တော့ဘူး။ ဒါပင်မဲ့ ငါမင်းကို နောက်ထပ် လက်လွှတ်မခံနိုင်လို့ပါ....
____________"သားငယ် အိမ်ထဲဝင်တော့လေ မနက်က...မနက်က...သားပြန်မလာဘူးလို့ ပြောသွားတယ်"
ခြံထဲက ဒန်းပေါ်တွင် ပိုင်ထိုင်နေတာ ကြာနေပြီမို့ ကြီးမြလဲ စိတ်ပူနေပြီ...."ရပါတယ် ကြီးမြ သားအဆင်ပြေပါတယ်..... ကြီးမြအိပ်တော့လေ..."
"ဟို..."
"သွားပါကြီးမြ..သားတစ်ယောက်ထဲ နေချင်လို့ပါ"ညှိုးငယ်နေသော ပိုင့်ကြောင့် ကြီးမြတကယ်စိတ်မချချင်။ သို့သော် အရမ်းကြီးတင်းကြပ်ပြီးလဲ မထားချင်တာကြောင့် အိမ်ထဲသာဝင်လာလိုက်ရသည်။
ညလေလေးတဖြူးဖြူးနဲ့ မအေးသော်ငြား တစ်ချက်တစ်ချက် လေတိုးဝှေ့လာတာကြောင့် စိမ့်စိမ့်လေးဖြစ်နေသည်။
လမင်းကြီးကလဲ ဒီနေ့မှပဲ လကွယ်ညပင်မို့ တကယ်ကိုမှောင်မိုက်နေသည်။ ကြယ်ကလေးများကလဲ ဟိုတစ်စု သည်တစ်စုနဲ့ လင်းနေသည်။
"ဦးဟိန်းရယ် ပိုင်ရှင်းပြချင်သေးတယ်။ ဒါ...ပိုင်ပြောတဲ့ စကားတွေမဟုတ်ပါဘူး..ဟင့်...ပိုချစ်မိသွားကာမှ ကံဆိုးလိုက်လေသလား...ရက်စက်လိုက်တာ...ဘာလို့ ကျွန်တော့်ကိုမှ အခုလိုတွေလုပ်နေကြတာလဲ...
ကျွန်တော်ရအောင် ဖော်ထုတ်မှာပါ....."
________________မီးရောင်စုံတွေက တကယ်ကို မျက်စိနောက်ချင်စရာ....
Club ၏ ထောင့်ကျကျတစ်နေရာတွင် ဦးဟိန်းမှာ မူးရူးနေသည်။
YOU ARE READING
Believe (Complete)
RomanceZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???