Believe 1

23.8K 621 8
                                    

Zaw

အရာရာအားလုံး မနေ့တစ်နေ့ကလိုပဲ......

ကျေးငှက်လေးတွေ မြူးတူးလို့ တေးသံကြူးတဲ့ မနက်ခင်းလေး......
အထက်တန်းကျောင်းသား တစ်ယောက်အနေနဲ့ စောစောထကာ ကျောင်းသွားဖို့အတွက် ပြင်ဆင်နေရသည်။

"ပိုင်...မပြီးသေးဘူးလား...."
"ဟိုမှာ ဖေဖေစောင့်နေပြီ...." အောက်ထပ်က မိခင်ခေါ်သံကြောင့် ကျောင်းလွယ်အိမ်ကို လွယ်ကာ အောက်သို့ ပိုင်ဇင်ထွန်း အပြေးဆင်းလာခဲ့သည်။

"ပြီးပါပြီ မေမေကလဲ...."
"ဟိုမှာ ဖေဖေက လိုက်ပို့ဖို့စောင့်နေတာ..... မြန်မြန်သွား ရော့ ထမင်းချိုင့်..." မိခင် ခေါ်ခင်ထားဆီမှ ထမင်းချိုင့်လေးကိုယူကာ ပိုင်ဇင်ထွန်းတစ်ယောက် ကျောင်းသို့ သွားရတော့သည်။

ဒီနေ့အသင်းမို့ ကျောင်းသို့စောစောသွားကာ အသင်းအတွက်တာဝန်ကျရာနေရာများကို စောစောလုပ်ရသည်။ ကျောင်းခေါင်းလောင်းထိုးဖို့လဲ နီးလာတာမို့ ပိုင်ဇင်ထွန်းလဲ အမှိုက်ကောက်ခြင်းကို အမြန်လက်စသတ်ကာ အခန်းထဲတွင် ဝင်ထိုင်နေလိုက်သည်။

ကျောင်းသားများလဲ ကျောင်းတတ်ချိန်များကို အရင်နေ့တွေကအတိုင်း လုပ်ဆောင်ကြ စာသင်ကြရင်း ကုန်ဆုံးစေသည်။

ညနေကျောင်းဆင်းချိန်လဲ အိမ်သို့ဝင်ကာ ထမင်းချိုင့်တွေလဲ ထားရင်း ကျူရှင်သွားဖို့ ပိုင်တစ်ယောက် အမြန်ပြင်ဆင်ရသည်။ ပိုင်၏အခန်းသည် C ခန်းဖြစ်သော်လဲ ကျူရှင်ကတော့ တစ်လမ်းထဲနေ ဆရာမ Dခန်းအတန်းပိုင် အိမ်တွင်သာ တတ်သည်။

လူကြီးချင်းလဲရင်းနှီးတာမို့ ပိုင်ဇင်ထွန်းအတွက် ကျူရှင်ကို ထိုဆရာမအိမ်တွင်သာ တတ်ဖြစ်သည်။ ၈တန်းကျောင်းသား အရွယ်ဆိုတာကြောင့် အပူအပင်ကင်းစွာ ကျောင်းတတ်ရင်း ပျော်ရွှင်စွာဖြတ်သန်းလာသည်။

ဒီနေ့ကျူရှင်ကိုသွားတော့ ကျောင်းသားအသစ်ထင်ရတဲ့ကောင်လေးက ကျူရှင်အိမ်ထဲတွင်ထိုင်နေသည်။ ပိုင်လဲ မိမိ၏ထိုင်နေကျနေရာ သူငယ်ချင်းဆုလှိုင်ဘေးတွင်သာ သွားထိုင်လိုက်သည်။

"ဟဲ့...ပိုင် အဲ့တာကျောင်းသားသစ် ငါတို့အခန်းထဲ ပြောင်းလာတာဟ သူက ဒီရန်ကုန်ကတောင် မဟုတ်ဘူး အခြားနယ်ကတဲ့...." သူငယ်ချင်းဆုလှိုင်ကတော့ Dခန်းထဲက ဖြစ်သော်လဲ Cခန်းထဲနေ ပိုင်နဲ့ တစ်ကျူရှင်ထဲ သူငယ်ချင်းတွေဖြစ်သည်။

Believe (Complete)Where stories live. Discover now