Believe 19

4.1K 266 6
                                    

Zaw

"ဟုတ်...ဒီက ပိုင်ဇင်ထွန်း မိသားစုတွေပါရှိနေတော့ ပိုအဆင်ပြေပါတယ်... သိချင်တာတွေရှိမယ်လို့လဲ ထင်တယ် ကျွန်တော် အားလုံးရှင်းပြပါရစေ..."
.
.
.
<<<<<<<Time Back<<<<<<

"မေမေ...မေမေ...ဟင့်....သားတို့ကိုလွှတ်ပေးပါ...ဟင့် တောင်းပန်ပါတယ် ဦးလေးကြီး အီ!!!!!!" ရှေ့တွင်လဲနေသော မိခင်ကို ကြည့်ရင်း တောင်းပန်ရှာနေသော ကလေးငယ်.....

"ဟား....ဟား....မင်းက ဟိုကောင်ရဲ့သား....မင်းလဲ မင်းအဖေလိုပဲ....သနားစရာပုံစံသိပ်လုပ်တတ်တာ...တကယ်တော့လေ....မင်းအဖေက လူယုတ်မာ!!!"
"ဟင့်အင်း ဖေဖေကလူကောင်း...ဟင့်...ဖေဖေက လူကောင်း..."

"တိတ်စမ်း!!! ငိုမနေနဲ့ ကျက်သရေကို မရှိဘူး....တောက်" ထိုလူထွက်သွားတော့မှ ကလေးငယ်ဟာ လဲနေသော မိခင်ဘေးသို့ပြေးသွားလိုက်ပြီး....
"မေမေ..ဟင့်...မေမေ နာနေသေးလာဟင်....ဟင့်..."

သားဖြစ်သူက စိတ်ပူနေတာကြောင့် မိခင်ဖြစ်သူမှာ အရိုက်ခံထားရလို့ သေမတတ်နာနေပင်မဲ့ အားတင်းကာ...
"မေမေ မနာပါဘူး...သားလေးကော ဘယ်နားထိထားသေးလဲ..."
"သား အဆင်ပြေပါတယ်..."

"လာလာ...အေးနေမှာပေ့....မေမေဖက်ထားပေးမယ်..."
သားတစ်ယောက်အပေါ်ထားတဲ့ မိခင်၏ စိတ်ပူမှုက မိမိဘယ်လောက်ဘဲထိခိုက်နာကျင်နေပါစေ...သားဖြစ်သူကိုတော့ အတတ်နိုင်ဆုံး ကာကွယ်ပေးမည်သာ....
.
.
"လာပါကွာ....ငြိမ်ငြိမ်နေ ရုန်းမနေနဲ့!!!" ၄နှစ်အရွယ် ကလေးတစ်ယောက်၏ရှေ့မှာပင် မိခင်ဖြစ်သူကို မတော်မတရားကြံ ဖျတ်ဆီးနေသော မြင်ကွင်းကို မြင်စေသည်....

"မေမေ!!!! ဟင့်....မေမေ....မေမေ့ကို မရိုက်ပါနဲ့ အီးးးး"
ဆိုးရွားလှသည်....ကလေးတစ်ယောက်ကို ရင်ထဲထိ ဒဏ်ရာများဖြစ်စေခဲ့သည်။

"သားလေးး...အ့...မငိုနဲ့နော်..အ့...မေမေ ဘာမှမဖြစ်ဘူး...." မိမိအား အရမ်းဂရုစိုက် ကြင်နာသော မိခင်၏ ထိုအဖြစ်ကို ရှေ့တည့်တည့်တွင်ထား၍ ကြည့်နေရသည်။
.
.
"ကျွန်မ သားကို လွှတ်ပေးပါ....ရှင် သတ်ချင်ရင် ကျွန်မကိုသတ်!!!"
"မင်းကလဲကွာ...မင်းကိုချစ်ပါတယ်ဆိုမှ သတ်စရာလား...အဲ့ေ_ာက်ကလေးက ဟိုကောင်နဲ့ရတာမှတ်လား...ဖအေကောသားကို ကျက်သရေကိုမရှိဘူး..."

Believe (Complete)Where stories live. Discover now