Believe 15

4.3K 303 16
                                    

Zaw

"သိက္ခာမရှိ အရှက်မရှိတဲ့ ဟာတွေ!!" ပိုင်တို့ဘေးသို့ မိန်းကလေးတစ်ဦး ရောက်လာပြီး အော်လိုက်တာကြောင့် နှစ်ယောက်လုံးတုန်သွားသည်။

"ရတီသာ မင်း ဘယ်လိုပြောလိုက်တာလဲ!" စွမ်းရဲ့ မာကြောတဲ့အသံကြောင့် ရတီ ရယ်လိုက်ပြီး
"ဟက်...ရတီသာတဲ့လား...ရတီတောင်မဟုတ်တော့ဘူးနော်...အင်းပေါ့....ရတီတို့က လမ်းခွဲပြီးပြီပဲ...."

ရတီကို ပိုင်ကောင်းကောင်းသိတာပေါ့ စွမ်းနဲ့ပုံတွေတင်ဖူးတာကိုလဲ ပိုင်မြင်ဖူးသည်။
"ရတီသာ...တိုးတိုးတိတ်တိတ် ညှိကြပါလား။ အခြားသူတွေလဲ ကြည့်နေကြတယ်...."

ပိုင်ပြောလို့ ဆိုင်ပတ်ပတ်လည်ကိုကြည့်လိုက်တော့ လူတွေကမိမိတို့ကို ကြည့်ရင်း တိုးတိုး တိုးတိုး ပြောနေကြတာ ရတီတွေ့သည် ဒါပင်မဲ့ ဂရုမစိုက်ဘဲ....
"ဘာလဲ နင်က ရှက်တာလား...နင့်လို သူများချစ်သူကို စနှိုက်ကျော်တဲ့သူကလေ...."

ရတီစကားက ပိုင့်သိက္ခာကို အတော်ပင်ထိပါးလာသည်။ သူမကို လမ်းခွဲခဲ့လို့ မိမိကတောင် စွမ်းကို အပြစ်ပြောထားသူမှတ်လား သူမကတော့ မိမိကို သိက္ခာချနေသည်။ ဒါတွေကို ငြိမ်ခံဖို့ ပိုင်က အဲ့လောက်သဘောထားမကြီးဘူး.....

"စကားကိုဆင်ခြင်ပြောပါ....ငါဆိုတဲ့လူက သစ္စာဖောက်တဲ့သူတွေကိုတောင် မုန်းလာခဲ့တဲ့သူပါ....ဒီလိုအောက်တန်းကျတဲ့အလုပ်ကို ငါဘယ်တော့မှမလုပ်ဘူး....နောက်ထပ်ပြောလိုက်ဦးမယ် နင့်လူလို လူမျိုးကိုမပြောနဲ့ သူထက်သာတဲ့သူ ရှိရင်တောင် ငါကစဉ်းစားယူနေသေးတာ....သဘောပေါက်..... မိန်းကလေးမို့ ဒီလောက်နဲ့ အလျှော့ပေးလိုက်မယ် ရောင့်တတ်မလာနဲ့...."

ပိုင်စကားကို ပြတ်ပြတ်ပြောလိုက်ပြီး ထိုနေရာကနေ ထွက်လာလိုက်သည်။ နောက်တွင်ကျန်ခဲ့သော ရတီကတော့ ရှက်မဲ မဲကာ စွမ်းကို ပြဿနာရှာတော့သည်။

"တွေ့လား...နင့်ထက်သာသူတောင် စဉ်းစားမှာတဲ့...နင်နောက်ဆုတ်လိုက်တော့ဟာ....ငါနဲ့ ပြန်တွဲလိုက်တော့.... "
"ငါက သူ့ကိုပဲ ချစ်တာ..." စွမ်းစကားတွေကို ရတီသာထက်နားမထောင်နိုင်တော့.....

'ဖြန်း!!' စွမ်း ပါးတစ်ဘက်မှာ ထူပူသွားသည်။ ဒါပင်မဲ့ ရတီ့ကို အပြစ်မပြောရက် မိမိကသာ မှားခဲ့တာမှတ်လား....
___________

Believe (Complete)Where stories live. Discover now