"(သေချာတာပေါ့ သူက သာမန်လာဘယ်ဟုတ်မလည်း သူက ကိုယ်တော်ရှာနေတဲ့ ပျောက်ဆုံးနေတဲ့ မင်းသားပဲကို)

"ဟင်?

အတွေးထဲနစ်နေတုန်း အူတူတပုံလေးကြောင့်ခေါင်းခါပြကာ

"ဟီကျင်းဖန် အမိန့်နာခံစေ

"ဟုတ်ကဲ့ပါ

"ဒါက ကိုယ်တော် ဘုရင်မင်းကြီးဖြစ်တဲ့ လီဝမ်ရှင်းရဲ့ ပထမဆုံး အမိန့်ပဲအခုချိန်ကစပြီး အသင် ဟီကျင်းဖန်က ကိုယ်တော့ရဲ့ ကြင်ယာတော်ဖြစ်စေ တစ်ဘဝလုံး ကိုယ်တောအနားမှာ ရှိနေပေးရမယ်

"အမိန့်အတိုင်းပါ

"အခုကစပြီး အသင်က ယောကျာ်းလေး ကြင်ယာတော် ဟီပဲ

"ကျေးဇူးကြီးမားလှပါတယ် အိမ်ရှေ့စံ

.
.
.

နန်းတက်ပွဲ ကြင်ယာတော်မြှောက်ပွဲပြီးတော့ ကျင်းဖန် အဆောင်ကို ပြန်ကာ ရေတောင်မချိုးနိုင် လှဲချလိုက်တော့တယ်

ဒီလောက်အေးရတဲ့ ရာသီကြီးကို ကွင်းပြင်ထဲမှာ မတ်တပ်အကြာကြီးရပ်နေဖို့ဆိုတာ ဘဝမှာတခါမှတောင်မတွေးဖူးဘူး

ဘယ်လောက်တောင်ပင်ပန်းနေလည်းဆိုတာ ပြောမပြတက်အောင်ပဲ ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတော့တယ်

✨ Magic Love ✨

နည်းနည်းလေး ပိုအေးလာတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ အပြင်ဘက်ဟာအမှောင်ထုကြီး

"ညရောက်ပြီထင်တယ် ငါဘာမှလည်းမစားရသေးဘူး

အဆောင်တံခါးဖွင့်လိုက်တော့ အဆောင်စောင့်မရှိတာမို့ ဘီဒိုထဲက အင်္ကျီထူထူတထည်ယူပြီး စားဖိုဆောင်ကို ထွက်လာခဲ့တယ် အရင်က လိုက်ပြဖူးတာမို့ ကိုယ့်ဘာသာကိုယ်သွားတက်တယ်

"ကြင်ယာတော် ဘာများမှာစရာရှိလို့ ညကြီးကိုယ်တိုင် ကြွလာတာပါလည်း

"ဒီမှာ ဘာစားစရာများရှိလည်းလို့ပါ

"ညလယ်စာ တည်းချင်နေတာပါလား ကျွန်တော်မျိုးမပြင်ပေးပါ့မယ် ဘာများသုံးဆောင်ချင်ပါသလည်း

"ရတယ် ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်

"အဲ့ဒါဆို ကျွန်တော်မျိုးမ ဂျုံခေါက်ဆွဲပူပူလေးတခွက်လုပ်ပေးပါ့မယ်

Magic Love ( ရပျနား)Where stories live. Discover now