Story 5

1.3K 253 32
                                    

[ Unicode ]

   
"ဟာ ဟေ့"

လေကြောင်းလွဲရာက ထူး ဆီလွင့်လာတဲ့ ခဲတစ်လုံးကိုမြင်လိုက်ရချိန် လက်ဖျားရင်းကနေဆတ်ခနဲဆွဲခံလိုက်ရမှုကြောင့် လူတစ်ကိုယ်လုံးက ရင်ခွင်ကျယ်ကြီးထဲပစ်ကျသွားသည့်တိုင်အောင် သတိမထားမိသေး။

သူ့မေးဖျားတောင်မမှီသည့် ကိုယ့်အရပ်နှင့် မော့ကြည့်လိုက်တာက ဘုဆတ်ဆတ်။

"ဘာလုပ်တာလဲဗျ"

လက်တစ်ဖက်က ပိုင်စိုးပိုင်နင်းအဆွဲခံထားရပြီး တစ်ဖက်ကလည်း မုန့်ထုပ်တွေကိုင်ထားတာကြောင့် မျက်မှန်ကိုင်းက အောက်ကိုလျှောကျလာသည်။

"ငြိမ်ငြိမ်နေ"

တုတ်တုတ်ခိုင်ခိုင်လက်ချောင်းညိုတို့က မျက်မှန်ကိုပင့်တင်ပေးလာသည်။ မဲကျုတ်နေတဲ့မျက်ခုံးတို့အောက်က အညိုရောင်သန်းနေသည့် မျက်ဝန်းဆံတို့က ရင်မောဖွယ်။ သူကိုယ်တိုင်က ချွေးစအနည်းငယ်စို့နေပေမဲ့ ကိုယ့်ကိုသာ ယုယနေတာက တစ်ခုခုများ လွဲမှားနေသလားလေ။

ရင်ခွင်ထဲငြိမ်နေ၍ ထိုလူ ပြုသမျှနုခံနေသော ကိုယ့်စိတ်ကိုယ်တော့ အနည်းငယ်မကျေနပ်ချင်။

"ရပြီ"

ပုံမှန်ကြည့်လို့ရတဲ့အနေအထားဆီ မျက်မှန်ကိုနေသားတကျပြင်ပေးပြီးမှ လွှတ်ပေးလာ၏။

"ကျွန်တော်နဲ့သိလို့လား"

"ကိုယ့်ကိုမသိဘူးလား"

အမေးကိုအမေးနဲ့တုန့်ပြန်တာ ဘယ်လိုကြီးလဲ!

"မသိဘူး"

"အော်"

အညိုရောင်မျက်ဆံတို့က ဆွေးရိပ်သန်းသွားသယောင်။ ထူး ဆီက အကြည့်လွှဲ၍ တစ်ခြားတစ်နေရာဆီ စူးစူးဖန့်ဖန့်စိုက်ကြည့်နေလေတော့ ထူး သည်လည်း သူကြည့်ရာဆီ လိုက်ကြည့်မိ၏။

ပလက်ဖောင်းခြားထားသည့် တစ်လမ်းကျော် တိုက်ရှေ့တွင် သေနတ်ကိုင်ထားသည့် ရဲတို့ရပ်နေသည်။ အစောနက ထူး ကိုပစ်လိုက်တဲ့ ခဲလုံးလွင့်လာရာ အရပ်ပင်။

"သွားတော့လေ၊ ဘာရပ်လုပ်နေတာလဲ"

"ဟမ်!အော် မုန့်..မုန့်ယူဉီးမလား"

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Où les histoires vivent. Découvrez maintenant