Story 2

2.1K 325 80
                                    

[ Unicode ]

   
" သား သူက ကောင်းစည်သူတဲ့ ၊ ဒီနေ့ကစပြီး သားအကိုပဲ "

ဆောင်းညရဲ့တစ်ရက်မှာ ဖေဖေက ကျွန်တော့်ကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့တယ်။

ဖေဖေနဲ့အတူပါလာတဲ့ ကျွန်တော့်ထက်အရပ်အနည်းငယ်ရှည်တဲ့ သူ။အဝတ်အစားခပ်နွမ်းနွမ်းဝတ်ထားတာတောင် သူ့ပုံစံက မျက်လုံးစူးစူးနဲ့ကြည့်ကောင်းနေတုန်းပဲ ။

" သားအတွက် ခရစ်စမတ်လက်ဆောင် "

လေးတန်းကျောင်းသားကျွန်တော်က မျက်မှောင်က်ိုစုလို့ အသားကုန်အော်ငိုခဲ့တယ် ။

" ဟင့်အင်း မလိုချင်ဘူး၊ သား သူ့ကို မလိုချင်ဘူး "

ဘယ်ကခေါ်လာမှန်းမသိတဲ့ သူကို ကျွန်တော် တကယ်မလိုချင်ဘူး ။  အဖေတစ်ခု၊ သားတစ်ခုပဲရှိတဲ့ ကျွန်တော် တို့ဘဝထဲ သူဝင်လာရင် ဖေဖေ့ဆီကမေတ္တာတွေ ကျွန်တော် မရတော့မှာကိုစိုးတယ်။

ဒါပေမဲ့ ဆုတောင်းတွေက မပြည့်ခဲ့ပါဘူး။

နောက်ရက်တွေမှာပဲ သူက ကျွန်တော်တို့အိမ်ပေါ်အပြီးပြောင်းလို့ ခွင့်မပြုပါဘဲ ကျွန်တော့်အခန်းထဲနေဖို့ အကြောင်းဖန်လာတော့တယ်။

ပြီးတော့ သူတက်မယ့်ကျောင်းကလည်း ကျွန်တော်နဲ့တစ်ကျောင်းတည်းတဲ့။

ဘယ်လောက်တောင် ကံဆိုးမှုကြီးလဲ။

>>>>

" သားကောင်း နိုးနိုး ကိုလည်း ဂရုစိုက်ပါဉီးနော် "

" ဟုတ် ဉီးလေး "

ကျောပိုးလွယ်အိတ်ကို လွယ်လို့ မုန့်ဖိုးတွေအများကြီးတောင်းမယ်စဉ်းစားပြီး အခန်းထဲကထွက်လာတဲ့ ကျွန်တော်။

သူ့ခေါင်းကို ပုတ်နေတဲ့ ကျွန်တော့်ဖေဖေကြောင့် နှုတ်ခမ်းတို့ဆူသွားရတယ် ။

သူကတော့ ပြုံးပြုံးပြုံးပြုံးပါပဲ ။

သွားမှာလည်းအစွယ်ကပါသေးတယ် ။

စိတ်ထဲကနေ ကြိတ်နာမည်ပေးပစ်လိုက်ရဲ့ ။

ဒိီကောင် ဘီလူးကောင် ။

" လာလေ ညီ "

ကျွန်တော့်ကို မြင်ပြီး လက်တစ်ဖက်ကမ်းကာ လှမ်းခေါ်တဲ့သူ ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now