Story 13

1.1K 153 30
                                    

[ Unicode ]

   
(စာမျက်နှာ ၁)

ရှစ်တန်းတက်ရတဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တို့အခန်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာတယ်။ ဆရာမ မိတ်ဆက်ပေးပုံအရတော့ နာမည်က သော်တာလွှမ်းဆိုလား။ မျက်နှာခပ်ဝိုင်းဝိုင်းမှာ လေးထောင့်မျက်မှန်ကြီးကို မလိုက်မဖက် စွပ်ထားတဲ့ သူ့ပုံစံက နည်းနည်းတော့ ရယ်စရာကောင်းသား။ လူက ပိန်ပိန်ရှည်ရှည်နဲ့ ခါးကခပ်ကိုင်းကိုင်း။ ဉပမာနှိုင်းရရင် ဓာတ်တိုင်လိုလူလို့တောင် ပြောလို့ရတယ်။

ဆရာမကောင်းမှုအရ သူရောက်လာတာက ကျွန်တော့်နံဘေးက နေရာလွတ်မှာ။ ကျွန်တော်က ငါးတန်းကတည်းက ဒီကျောင်းမှာနေလာတဲ့ ကျောင်းသားဟောင်းကိုး။ ဒီတော့လည်း အသစ်လေးတွေကို ဖေးမဖို့တာဝန်က ကျွန်တော်နဲ့လည်း ဆိုင်သည်ပေါ့။ ဒါက ကိစ္စမရှိသေးဘူး။ ပြသနာက အခုမှစတာပါ။ ကျွန်တော်ထိုင်နေတဲ့နား လာရပ်ပြီး မေးကိုဆတ်ပြတယ်။

"ဝင်လေ ဟေ့ကောင်"

မျက်မှောင်ကြုတ်ပြီး ခပ်ကျယ်ကျယ်ပြောတော့ ကျွန်တော့်ကိုတောင် မှင်သေသေပြန်ကြည့်လိုက်သေးတယ်။ လွယ်အိတ်ကြိုးကို စုချည်ပြီး လက်ထဲမှာ ကိုင်ထားတာက ဖရိုဖရဲ။ ဒီကောင် ဘာကောင်လဲ။

"မထိုင်ဘူးလား"

ဒုတိယအကြိမ်မေးတော့ သူ့မျက်နှာ နည်းနည်းလျော့လာတယ်။ ပြုံးချိုနေတာမျိုးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်တော့်မျက်လုံးကို ဆုံအောင်မကြည့်ဘဲ သူ့ဂုတ်ပိုးကို လွတ်နေတဲ့လက်နဲ့ ပွတ်တယ်။ လေသံတိုးတိုးနဲ့ ပြောလာတာက

"ငါက ဘေးဆုံးပဲ ထိုင်တတ်တာ"တဲ့လေ။

ဒီလိုနဲ့ တစ်သက်လုံးက အတွင်းဘက်မှာ မထိုင်တတ်တဲ့ ကျွန်တော်က ပထမဆုံးအနေနဲ့ ဘေးစွန်းနေရာကို စွန့်ခွာလိုက်ရပါတော့တယ်။

••••••••

(စာမျက်နှာ ၂)

ကျွန်တော်တို့အခန်းမှာ ယောကျာ်းလေးက အင်အားနည်းတယ်။ မိန်းကလေးတွေလို တစ်ခုံလေးယောက်မဟုတ်ဘဲ သုံးယောက်၊ နှစ်ယောက် ကျယ်ကျယ်လွင့်လွင့် ထိုင်လို့ရတဲ့အထိပဲ။ ကျွန်တော့်ခုံတန်းက လူသုံးယောက်ထိုင်ပါတယ်။ ခုနှစ်တန်းကတည်းက ပေါင်းလာတဲ့ စာဂျပိုးကောင်ရယ်၊ ကျွန်တော်ရယ်၊ နောက်ပြီး ကျောင်းသားသစ် လောရှည်ရယ်ပေါ့။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now