Story 7

1.4K 232 58
                                    

Unicode
.
.
.
နှောင်းလူတွေပြန်ပြောဖြစ်ကြရင် တစ်ခါတုန်းက ငယ်ချစ်ပုံပြင်လေးပေါ့ ။

March 20,2009

စာမေးပွဲပြီးတဲ့နေ့မို့ အိမ်ပြန်ခြေလှမ်းတွေက သွက်လက်စွာ ။ နှစ်နှစ်ကြိုးစားပြီးဖြေခဲ့ရတဲ့ ဆယ်တန်းဆိုတာကြီးကို ဒီနှစ်တော့ သူ ကျိန်းသေအောင်ပါလိမ့်မည် ။

ဝန်ထုပ်ပေါ့လို့ပျော်တဲ့အပျော်ထက် " စာမေးပွဲအောင်ရင် ငယ်လေးကြိုက်တာတောင်း " ဆိုတဲ့ ဉီး စကားကြောင့် အပျော်လုံးစို့နေတာဆိုရင် ပိုမှန်လိမ့်မည် ။

" ဟီးဟီး ကျနော် ပြောရင် မငြင်းရဘူးနော် ဉီး "

လမ်းသွယ်လေးထဲချိုးဝင်လို့ ဉီး အိမ်ကို အရင်ဝင်လိုက်တယ် ။ သူရောက်သွားတော့ ဉီးက ပြတင်းတံခါးဘေးမှာ ငေးငေးလေးထိုင်နေလေရဲ့ ။

" ဟိတ် လူကြီး ၊ ဘာတွေတွေးနေတာလဲ "

နောက်ကနေ လှမ်းစလိုက်ပေမဲ့ ပြန်ကြည့်လာတဲ့ ဉီးမျက်ဝန်းတွေက ဆွေးမြည့်စွာ ။ အရည်ကြည်ဉတို့ကလည်း တွဲခိုလို့ ။ သူထင်တာမမှားဘူးဆိုရင် ဉီး ငိုနေတာမလား ။

" ဉီး ဘာဖြစ်လို့လဲဟင်.. ကျနော့်ကိုပြော ၊ ဉီးကို ဘယ်သူဘာလုပ်လို့လဲ "

လွယ်အိတ်ကိုချကာ ကုလားထိုင်ခြေရင်းထိုင်လိုက်ပြီး ဉိီး လက်နှစ်ဖက်ကိုဆုပ်ကိုင်လို့ စိတ်ပူစွာမေးတဲ့သူ့ကို ဉီးက ကြည့်ရင်း တဖြည်းဖြည်း ပြုံးလာတယ် ။

" မေမေ့ကို သတိရလို့ပါ " တဲ့။

" ဉီးရယ် " လို့သာ ပြောနိုင်တယ် ။ ထွေးပွေ့နှစ်သိမ့်ရုံမှအပ တခြားမတတ်နိုင်ခဲ့ဘူး ။ ဉီး သိလား ။ ကျနော်ဆ်ိုတဲ့ ဒီကောင်က ဉီးငိုတာကိုမြင်ရင် သေမတတ်နာကျင်ရတာဗျ ။

အဲ့ဒီနေ့က လိုချင်တာတောင်းဖို့ လာတဲ့ကောင်လေးဟာ ဉီး ဝမ်းနည်းနေတာကိုကြည့်ပြီး သူ့စကားလေးကို မပြောရက်စွာ မြိုသိပ်ထားလိုက်ပါတယ် ။

April 12 ,2009

ရပ်ကွက်မှာ သကြ်န်ကျတယ် ။ ကလေးတွေကလည်း ရေပိုက်ကိုယ်စီ၊ ရေခွက်ကိုယ်စီနဲ့ ပြုံးပျော်လို့ ။

အကျနေ့မနက်မှာ ဉီးက ကျနော့်အိမ်ကိုရောက်လာခဲ့တယ် ။ "ငယ့်ကို ဘုရားသွားဖို့ လာခေါ်တာ" တဲ့ ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now