Story 11

1.2K 186 20
                                    

[ Unicode ]

   
"ဟာ ဂိုးကွ ဂိုး ဂိုး"
"တောက်! စောက်သုံးကိုမကျဘူး၊ဖျင်းချက်!"

လက်ဖက်ရည်ဆိုင်လေးအတွင်းမှာ TV ရှေ့ထိုင်ပြီး ဘောလုံးပွဲကြည့်၊ အားမလိုအားမရ ဟစ်အော်ဆဲဆိုနေတဲ့လူငယ်တစ်သိုက်ရှိသလို ဆိုင်ရှေ့ ကွပ်ပျစ်လေးပေါ်မှာတော့ ရေနွေးကြမ်းသောက်နေတဲ့ အဖိုးအိုငါး​ယောက် စကားဝိုင်းလေးရှိတယ်။

"ကျုပ်က ကျုပ်အိမ်သူနဲ့ တက္ကသိုလ်စတက်တော့ တွေ့ခဲ့တာဗျ"
"ငါကတော့ အလုပ်ခွင်မှာစတွေ့တာ၊ အဲ့တုန်းက သူက ငါ့အထက်လူကြီးလေ"
"ဘထက် မင်းကရောကွ"

တစ်ယောက်က စကားစလိုက်တာနဲ့ ကျန်တဲ့လူတွေကလည်း ဘထက်(ခေါ်) ဖိုးထက်မြတ်ပိုင် ဆီ ကြည့်လျက်သား။ ယောကျာ်းလေးတစ်ယောက်နဲ့ အတူနေထိုင်တဲ့ ဘထက်ရဲ့ အိမ်ထောင်ရေးကို သူတို့အားလုံးစိတ်ဝင်စားကြတယ်။ ရေရေရာရာမေးဖို့ နှုတ်တွန့်နေကြပေမဲ့ အခုလိုစကားကြုံလေတော့ ရေကန်အသင့်ကြာအသင့်ပဲမဟုတ်လား။

"ကျုပ်က ကျုပ်အသက်လေးနဲ့ နွေဉီးတော်လှန်ရေးမှာ စတွေ့တာဗျ"
လက်ဖက်တစ်ဇွန်းကို တမြုံ့မြုံ့ကောက်ဝါးပြီး ဘထက်မြတ်ပိုင်က စကားဆက်တယ်။
သူ့မျက်လုံးတွေက အတိတ်တစ်နေရာဆီ ကပ်ငြိသွားတယ်ထင်။
ခပ်တွေတွေ ခပ်လေးလေး အရည်ကြည်မြူတစ်ချို့လည်း သိုင်းခြုံနေရဲ့.....။

~~~~

"ဟိတ်လူ! ဘောမို့ ကြောင်ကြည့်နေတာလားဗျ! ပေး လက်ထဲက ဘူး၊ ပေး​ ပေး"

စွာလန်နေတဲ့အသံနဲ့အတူ အနားရောက်လာတာက ခပ်ဖြူဖြူကောင်လေးတစ်ယောက်။ အရပ်ရှည်ရှည် ဖျော့တော့တော့ကိုယ်ရှိလို့ ချောချောလေးဖြစ်မယ်ဆိုတာတော့ ထက်မြတ် မှန်းမိတယ်။ သို့ပေမဲ့ မျက်ရည်ယိုဗုံးထိထားတာကြောင့် သဲသဲကွဲကွဲမြင်မနေရ။

"​ဘောလိုကောင်ရေ၊ ခင်ဗျား လက်ထဲက ဘူးကို ပေးပါဆိုဗျာ! ကျစ်!"
အဆဲသန်တဲ့ကောင်လေးက ထက်မြတ်လက်ထဲက ​ရေ ဘူးကို စိတ်မရှည်စွာပဲ ဆတ်ခနဲဆွဲလုသွားတယ်။
သူ့အပေါ်ဝတ် အင်္ကျီလက်ရှည်အဖြူကိုချွတ်ပြီး ရေတို့စွတ်စိုစေပြီးတဲ့တစ်ခန။

"ငြိမ်ငြိမ်နေ!"
သွယ်လျနေတဲ့လက်ချောင်းတွေက မျက်လုံးကို ခပ်ဖွဖွအုပ်ပေးလာတယ်။
ကိုယ်က ထိုင်ချထားတာမလို့ မသိရင် သူ့လက်ဆန့်တန်းထားရာ ရင်ခွင်ထဲရောက်နေသလို။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now