Story 9

1.1K 152 40
                                    

[ Unicode ]

   
ချွင်.....

တံခါးရွက်ဖွင့်သံနဲ့အတူ လွင့်ခါမှုကြောင့် အသံထွက်လာတဲ့ ဆိုင်ဝထက်ဆီက ဆည်းလည်းခေါင်းလောင်းလေးတွေ။ ဝင်လာတဲ့ ခြေသံတဖျတ်ဖျတ်ကိုလည်း မကြားမိ။

" ဒီမှာ ထိုင်လို့ရမလား"
မသြမကျယ်ခပ်ရှရှအသံပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ထင်ထားတာနဲ့ကွဲလွဲစွာ ဖြောင့်ဖြောင့်မောင်းမောင်းယောကျာ်းသားတစ်ဉီးမဟုတ်ဘဲ ဆံပင်အရှည်တွေကို ခေါင်းပေါ်အမြင့်မြှောက်စီးထားတဲ့ မမတစ်ယောက်ဖြစ်နေတယ်။

"ဟုတ် ထိုင်လေ"
စုသွယ် ခွင့်ပြုတော့ ထိုင်လာတာက စုသွယ်နဲ့ မျက်နှာချင်းဆိုင်ဝယ်။ Book Cafe လေးရဲ့ တခြားစားပွဲဝိုင်းတွေမှာလည်း လူရှင်းနေပါလျက်နဲ့ ဘာကြောင့်များ ဒီထောင့်စွန်းမှာ လာထိုင်လေသလဲလေ။ ကျစ်! ပူဆွေးတာတောင် လွတ်လွတ်လပ်လပ်မဆွေးရဘူး!

"Ice Coffee နဲ့ Chocolate cake ပေးပါ"
မုန့်လှမ်းမှာတဲ့အသံကလည်း မူရင်းအတိုင်း ခပ်ရှရှ။ ရုပ်ကိုသာ မမြင်ရင် ယောကျာ်းလေးလို့ထင်ချင်စရာ။ ကိုယ်နဲ့လည်း မဆိုင်တာမလို့ ဖုန်းကိုထုတ်ပြီး mv သာ stream နေလိုက်တယ်။ Black Pink ဆိုသလိုပေါ့။ "We are the lovesick girls"။ အင်း၊လက်ရှိမှာတော့ စုသွယ်ဟာ အချစ်ဖျားကို လုံးလုံးမိနေရဲ့။

"Blink လေးလား"
စုသွယ်ကို ရည်ရွယ်တဲ့စကားသံက မကြားချင်ယောင်ဆောင်လို့မရ။ နားကြပ်တပ်မထားတဲ့အတွက် အကြောင်းပြချက်ပေးစရာလည်း စုသွယ်မှာ မရှိလေတော့....

"ဟုတ်တယ်၊ ညီမက Blink ပါ"
"အော်...ကိုယ်လည်း Blink ပဲ"
"ဟုတ်"
မှာထားတာတွေလာချတာကြောင့် စကားသံတွေတန့်သွားတဲ့အချိန်၊ အိတ်ထဲက earphone ကို ထုတ်ပြီး နားမှာကောက်တပ်လိုက်တယ်။ စုသွယ် အာလာပသလာပပြောဖို့ စိတ်မကြည်သေးဘူး။

ထပ်တလဲလဲကြည့်ပြီးသား mv က ကြာတော့ ကြည့်ရတာ ပျင်းလာတယ်။ နားကြပ်ကိုမဖြုတ်ဘဲ မျက်လုံးတို့ကို တစ်နေရာဆီ တာဝန်လွှဲလိုက်တယ်။ ပစ်မှတ်ကတော့ မျက်နှာချင်းဆိုင်က မမ ဖြစ်သွားတာပါပဲ။

အကြည့်ခံနေရတာကို မသိရှာသူကတော့ Ice Coffee ကို အရသာခံသောက်လို့ chocolate cake ကို သပ်ရပ်စွာ ဖဲ့စားနေတယ်။ ပုံစံက နဂိုကတည်းက တစ်ခုတည်းကိုပဲ အာရုံစိုက်တတ်သူထင်ရရဲ့။ စုသွယ် မသိမသာကြည့်တာဖြစ်လို့လည်း ပါမှာပါ့လေ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now