"ဘာဖြစ်လို့လဲ"

"နောက်ကျောဓားထိုးခံရပြီ လူယုံဖြစ်သူကလုပ်ရက်တယ်"

"ဟမ်"

" ဒီမှာ ဒီမြေပုံကိုကြည့်။ ကျောင်းမဆောက်ရသေးတဲ့ မြေပုံမှာ အနီနဲ့ဝိုင်းထားတာတွေ့လား။ အဲ့ဒီဝိုင်းထားတဲ့ နေရာကို ဖျင့်ကျင့်ဆိုတဲ့ ငါ့လူယုံကလက်ဆောင်အဖြစ်တောင်းတဲ့အတွက် ငါပေးလိုက်တာ။ ငါ့ရှေ့နေရှိမှာ စာချုပ်စာတမ်းတွေလဲရှိတယ် မင်းတောင်းကြည့်လိုက်။ အဲ့မြေနေရာက ငါပိုင်တဲ့မြေကွက်လပ်ရဲ့ အလယ်မှာ။ သူတောင်းတော့ဘာလုပ်ဖို့လဲ မေးတော့ သူနေဖို့အတွက်ပြောတယ်။ ငါလည်းအဲ့နောက်ပိုင်း အဲ့မြေကွက်ကိုလှည့်မကြည့်ဖြစ်ဘူး။
ကျောင်းဆောက်တော့လဲ သူကပဲအကုန်စီစဥ်ခဲ့တာ။ အခုမင်းတို့လက်နက်ပစ္စည်းတွေရှာတွေ့တဲ့ နေရာဆိုတာကလည်း သူတောင်းတဲ့မြေကွက်။ အခုငါပြောနေတာတွေကို ယုံချင်မှယုံလိမ့်မယ်။ မင်းကိုယ်တိုင် အဲ့လူကိုလိုက်ရှာပြီး စုံစမ်းလိုက်"

ရှောင်းကျန့် ထိုင်ခုံပေါ်ကနေအမြန်ထပြီး ရှေ့နေဆီကလည်း ဝမ်သူဌေးပြောတဲ့ စာချုပ်စာတမ်းတွေတောင်းကာ ရိဝူကောဖမ်းဝရမ်းထုတ်ဖို့ စီစဥ်ခိုင်းလိုက်သည်။

ဝမ်သူဌေးပြောတာတွေက ယုံချင်စရာမရှိပေမယ့် ရိပေါ်အနားကနေထွက်သွားဖို့က သူတစ်ယောက်ထဲနဲ့တင် လုံလောက်ပြီမလို့ ရိပေါ်ပျော်ရွှင်ဖို့အတွက် သူတက်နိုင်သလောက်လုပ်ပေးခဲ့ချင်သည်။

🍀          🍀             🍀

ဖတ်ပေးတဲ့သူတွေအားလုံး ကျေးဇူးပါ။❤
အင်တာနက်တွေပျက်တုန်း ရေးထားတာလေး တင်ပေးလိုက်တယ်နော်။
အိမ်ဘေးနားက wifiရတဲ့အိမ်ကိုခဏခွင့်တောင်းပြီး ဒီတစ်ပိုင်းတင်လိုက်တာပါ။
ဇာတ်သိမ်းပိုင်းလေးကလည်း သိပ်မလိုတော့တဲ့အတွက် မြန်မြန်ရေးပြီးတင်ပေးချင်ပေမယ့် အဆင်မပြေတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။

အားလုံးပဲဂရုစိုက်ကြပါနော်။အစစအရာရာအကုန်အဆင်​ပြေကြပါစေ။🍀

Zawgyi

ရှောင်းကျန့် ရိဝူကောရောက်လာတာနှင့် ဖြစ်စဉ်ကိုအကျိုးအကြောင်း ပြောပြပြီး စခန်းကိုပြန်လာခဲ့သည်။
စခန်းကိုပြန်သည့် လမ်းတစ်လျှောက်လုံး ရှောင်းကျန့်စဉ်းစားနေခဲ့သည်က အမြန်ဆုံး ရိပေါ်အနားကထွက်သွားနိုင်ဖို့ပင်။
အမေတူအဖေကွဲဆိုတဲ့ သွေးသားတော်စပ်မှုကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် အမြန်ဆုံးထွက်သွားရမည်။

SECRET ( Completed)Where stories live. Discover now