ဝမ်သူဌေး တစ်ခဏတိတ်သွားပြီး အားလုံးကိုသေချာပြန်စဥ်းစားကြည့်နေသည်။
ဒီကိစ္စတွေသူလုံးဝမလုပ်ခဲ့။ သက်သေပြနိုင်ဖို့ သူဘက်ကသက်သေရှာရမည်။

" ရှောင်းကျန့် ဦးလေးကို ကျောင်းရဲ့မြေပုံရယ်၊ ကျောင်းမဆောက်ခင်ကမြေပုံရယ်ကို ဦးလေးရှေ့နေရှိက တောင်းပေးလို့ရမလား။"

"ဘာဖြစ်လို့လဲ"

"ဒီကိစ္စတွေက ဦးလေးမလုပ်ထားတဲ့အတွက် သက်သေရှာဖို့လိုတယ်။နောက်ပြီး သေချာမလားဆိုတာတော့မသိသေးပေမယ့် မြေပုံကိုသာကြည့်လိုက်ရင် ဦးလေးမလုပ်ဘူးဆိုတဲ့ သက်သေပြနိုင်တယ်"

ရှောင်းကျန့် ဝမ်သူဌေးပြောတဲ့အတိုင်း ရှေ့နေကိုဖုန်းဆက်ပြီး မြေပုံတွေတောင်းလိုက်သည်။

"ကျွန်တော် ရှေ့နေကိုဖုန်းဆက်ထားတယ်"

"အင်းကျေးဇူး"

အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေသည့် အခန်းငယ်။
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက ရှောင်းကျန့်။

"တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

" ကျောင်းထဲလိမ်ညာပြီး ဝင်ခဲ့မိတဲ့အတွက်၊ ရိပေါ်ကိုအသုံးချဖို့စဥ်းစားခဲ့မိပေမယ့် ကျွန်တော်မလုပ်ခဲ့ဘူး။ အခုရရှိထားတဲ့သက်သေတွေကလည်း ကျွန်တော်ကိုယ်တိုင်ရှာဖွေခဲ့တာတွေပဲ။"

"တကယ်လို့ ငါမလုပ်ဘူးဆိုတဲ့ သက်သေပြနိုင်တဲ့အခါကျရင် ရိပေါ်နားမှာ မင်းကိုမမြင်ချင်ဘူး"

"ဒီကိစ္စတွေပြီးဆုံးသွားရင် ကျွန်တော်ထွက်သွားမှာ"

တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားသည့်အခန်းငယ်။

ဒေါက်ဒေါက်

တံခါးခေါက်သံကြောင့် ရှောင်းကျန့် တံခါးထဖွင့်လိုက်သည်။

"သူဌေး ဒီမှာ သူဌေးတောင်းတဲ့မြေပုံတွေပါ"

"အင်း ထားခဲ့လိုက်။အပြင်မှာစောင့်နေ"

"ဟုတ်ကဲ့"

ရှေ့နေအခန်းထဲက ထွက်သွားတာနဲ့ ဝမ်သူဌေးက မြေပုံနှစ်ခုကို စားပွဲပေါ်ဖြန့်ပြီး နှစ်ခုယှဥ်ကြည့်လိုက်သည်။
မြေပုံကို သေချာကြည့်ပြီး မျက်နှာပျက်သွားတဲ့ ဝမ်သူဌေးကြောင့် ရှောင်းကျန့် ဝမ်သူဌေးနားသွားလိုက်သည်။

SECRET ( Completed)Where stories live. Discover now