[1]

5.1K 312 6
                                    

တိမ်သားအနည်းငယ်ထူထပ်နေတယ့်
ကောင်းကင်အောက်က
မေပယ်ပင်ကြီး တစ်ပင်..။

တလွင့်လွင့်ဖြင့် ကျွန်တော့်ပုခုံးထက်
ကြွေကျလာတယ့် မေပယ်ရွက်ငယ်..။

ကိုင်ယူလိုက်ပြီးအကြောင့်းမဲ့
စိုက်ကြည့်နေမိတယ်..
အဘယ့်ကြောင့် မဖိတ်ခေါ်ပဲ
မျက်ရည်တစ်စက်က ကျဆင်းလာပါသနည်း..

အော်.....
မေပယ်တွေဟာ ကြွေကျတာတောင်
လှပနေတုန်း...

အဝါရောင်ကနေအညိုရောင်
ပြောင်းသွားတယ့်မေပယ်ရွက်လေးဟာ
လူတိုင်းရဲ့ တန်ဖိုးထားခြင်းကိုရရှိနေရတုန်း..

အပင်ပေါ်ကနေ စွန့်ပစ်ခြင်းခံလိုက်ရပေမယ့်
တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းကို
ရရှိနေသေးတာပဲ...

အခုသူ့လက်ထဲကအညိုရောင်
မေပယ်လေးကတော့
သူရဲ့ တန်ဖိုးထားချစ်ခြင်းတို့ကိုရရှိလိမ့်မည်..

မေပယ်ရွက်လေးတွေက
တစ်စုံတစ်ယောက်ပေါ်ကို ကြွေကျရင်
်အဲ့တစ်စုံတစ်ယောက်က
ကံကောင်းတယ်တဲ့...//

ဒါကြောင့် မေပယ်တွေကို
လူတွေကချစ်တယ်...//

သူတို့တွေက လှပတယ်...//

သူတို့တွေက
တစ်စုံတစ်ယောက်အတွက်တော့
လှပချင် လှပနေပေမယ့်
ကျွန်တော့်အတွက်ကတော့
ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ကို
သတိရစေမိတယ့်အတွက်
ကြာကြာပင်စိုက်မကြည့်ရဲလောက်အောင်
ဖြစ်နေရသည်။

ဒါပေမယ့် သူတို့လေးတွေကို
ကျွန်တော် တန်ဖိုးထားဆဲ...//

ကိုင်ထားတယ့် အညိုရောင်
ဒိုင်ယာရီစာအုပ်လေးထဲက
စာရွက်လေးတစ်ရွက်ထဲကို
ညှပ်ထားလိုက်တော့တယ်...//

မေပယ်တွေနဲ့ ပုံဖော်ထားတယ့်
မေပယ်တို့ရဲ့ဒိုင်ယာရီ...

ကျွန်တော့်ရဲ့ ရင်တွင်းခံစားချက်တို့ကို
သိရှိနေသော တစ်စုံတစ်ခု...။

ဆောင်းဦးလေအဝေ့
ထပ်ကာကြွေလာတယ့် မေပယ်ရွက်တစ်ချို့။

အော်...မေပယ်တွေတောင်
တစ်ခါပြန်..ကြွေကုန်ပြီပဲ//

သူမှတ်မိပါသေးတယ်...
လွန်ခဲ့တယ့် ခြောက်နှစ်
ဒီမေပယ်ပင်ကြီးအောက်မာပဲ
သူ အကို့ကို စတွေ့ခဲ့တယ်....

Diary Of Maple [pjm × jjk]Where stories live. Discover now