ချန်းလင်လင်းရဲ့ အပြုံးလှလှလေးတွေ အေးခဲသွားလေတယ် ။

"ကု ကုဖုန်း...ခင်ဗျား ဘာ ဘာပြောလိုက်တာ? "

"မင်းက ကိုယ်နဲ့နေချင်တယ်လို့ပြောတယ်နော်..ဒါပေမယ့် အခုတော့ မင်း နေနိုင်မယ်မထင်တော့ဘူး...
မင်းပစ္စည်းတွေထုပ်ပိုးပြီး မင်းရဲ့ Villa ကို ပို့ပေးဖို့ ကိုယ် အန်ကယ်လီကို ပြောလိုက်မယ် "

ချန်းလင်းလင်း ဆတ်ခနဲ ထရပ်လိုက်တယ် ။
သူ့ မျက်လုံးထဲမှာ မယုံနိုင်ခြင်းတွေ ပြည့်သိပ်လို့ ။
"ကုဖုန်း ခင်ဗျား ခင်ဗျား ကျွန်တော့်ကို နောက်နေတာ မဟုတ်လား? ..ကျွန်တော့်ကို အဲ့လိုတော့ မနောက်ပါနဲ့ "

"နစ်နာကြေးအဖြစ် ကိုယ့်ဂိုဒေါင်ထဲက ပြိင်ကား ၂စီးရယ်..နောက်ထပ်...................."

"မလိုချင်ဘူး....မလိုချင်ဘူးလို့...."
ချန်လင်းလင်း အတင်းကုန်းအော်တော့တယ် ။
"ကုဖုန်း ရှင်းရှင်းပြောစမ်းပါ..ခင်ဗျား ဘာဖြစ်နေတာလဲ ? "

ချန်းလင်လင်းရဲ မျက်လုံးတွေက ရဲရဲနီလို့ ။
ဒဏ်ရာရနေတဲ့ သားရဲတစ်ကောင်ရဲ့ မျက်လုံးတွေလိုပဲ ။

ကုဖုန်း တူကိုချပြီး အဲ့ဒီ ဒဏ်ရာတွေနဲ့ မျက်လုံးထဲ တည့်တည့်ကြည့်ပြီး ပြောလိုက်တယ် ။
"ယုပေါ်ယွင် (ရီမင်) မှာ ကိုယ့်ကလေးရှိနေပြီ "

ဟား ရယ်စရာအကောင်းဆုံး ပြက်လုံးပဲ !

"ဒီ ရယ်ဖွယ်ရာ အလိမ်အညာစကားကို ခင်ဗျား ယုံတယ်လို့တော့ ကျွန်တော့်ကို မပြောနဲ့ !
ယုပေါ်ယွင် (ရီမင်) သူက ကလေးဘယ်လိုမွေးရမယ်ဆိုတာ သိရောသိလို့လား? ..
ဒါက အပင်တစ်ပင်ဖြစ်လာဖို့ ​သောက်မျိုးစေ့ကို ကြဲချလိုက်တာ ! ခင်ဗျား သိရဲ့လား? ..
သူက ခင်ဗျားကို ကျွန်တော့်စီက ပြန်ခိုးယူချင်လို့
ဒီလိုအရူးချီးပန်းတွေ လိမ်ညာပြောနေတာ...
သူက သောက်ရမ်းဈေးပေါလွန်းတဲ့ သောက်ရူးကောင် !"

"ထိုင်စမ်း "
ကုဖုန်းက ရေခဲရိုက်အကြည့်နဲ့ ချန်လင်းလင်းကို ကြည့်တယ် ။
"သူ မညာဘူး..ဆရာဝန်ကိုယ်တိုင် ကိုယ့်ကိုပြောတာ..သူ့ရဲ့ ဆေးမှတ်တမ်းကိုလည်း စစ်ဆေးပြီးပြီ..ကျွမ်းကျင်သူတွေကိုယ်တိုင်ကပါ confirm ပြီးသား... "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Donde viven las historias. Descúbrelo ahora