ဂျူလီယမ် (ချန်းလင်လင်း) မတ်တတ်ထရပ်ပြီး ကြိုဆိုနှုတ်ဆက်စကားဆိုလိုက်တယ် ။
"ထိုင်ပါဦး ကျီးဟန် (ကုဖုန်း) "

"အင်း "
သူက ဂျူလီယမ် (ချန်းလင်လင်း) ရဲ့အရှေ့မှာ ဝင်ထိုင်ပြီး စကားစလိုက်တယ် ။
"ဟင်းပွဲတွေ မှာပြီးပြီလား "

"မှာပြီးပြီ "
ဂျူလီယမ် (ချန်းလင်လင်း) က သူ့ရဲ့လက်စွဲတော် အပြုံးလှလှလေးနဲ့ ။ သူ အဲ့လိုပြုံးရင် ဘယ်သူမှ မငေးဘဲ မနေနိုင်ဘူးလေ ။
"ဒါပေမယ့် ဝိုင်တော့မမှာရသေးဘူး..
ခင်ဗျားကြိုက်တဲ့ Lafite ဝိုင် ၂ပုလင်း မှာပေးရမလား ?"

"အခုချိန်က ဝိုင်သောက်ရမယ့်အချိန်မဟုတ်ဘူး ...
ကိုယ် ကိုယ်တိုင်လည်း သောက်ချင်စိတ်မရှိဘူး "
ကုဖုန်း (ကျီးဟန်) လက်ပြလိုက်တော့ စောင့်ဆိုင်းနေတဲ့ ဝိတ်တာလေးက အောက်ထပ်ကို ဆင်းပြီး ဟင်းပွဲတွေ သွားသယ်လေတော့တယ် ။

ချန်းလင်လင်း(ဂျူလီယမ် )က ခဏလေးတောင် မစောင့်နိုင်ရှာဘူး ။ ဝိတ်တာလေး တံခါးပိတ်သွားတာနဲ့ သူ သိချင်တာကို တန်းမေးလိုက်တယ် ။
"ဒီ​နေ့မှ ဘာလို့ ရုတ်တရက်ကြီး ချိန်းလိုက်ရတာလဲ?
ကျွန်တော့်ကို ပြောစရာတစ်ခုခုရှိလို့လား? "

ကုဖုန်း (ကျီးဟန်) ငြိမ်နေတယ် ။
ခဏကြာမှ.....
" ရီမင် (ယုပေါ်ယွင်)  သူ့ရဲ့မွေးရပ်မြေမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ် "

ချန်းလင်လင်း (ဂျူလီယမ်) ရင်ထဲ ထိတ်ခနဲပဲ ။
အံ့အားသင့်မှုကြောင့် သူ့မျက်လုံးလှလှလေးတွေတောင် ဝိုင်းစက်လို့ ။
"ဘယ်လိုဖြစ်တာလဲ? ထိခိုက်မိသွားလား?
အခုရော သူ အဆင်ပြေရဲ့လား ? "

ကုဖုန်း (ကျီးဟန်) ကတော့ ဘာမှပြန်မပြောဘူး ။

"ဘာလို့ စောစောမပြောတာလဲ? ...ကျွန်တော်သာ စောစောသိခဲ့ရင် သူ့ကို လာကြည့်လို့ရတာ​ပေါ့ "
ချန်းလင်လင်း (ဂျူလီယမ်) က အနည်းငယ် အပြစ်တင်လိုက်တယ် ။

"မလိုပါဘူး ..."
ကုဖုန်း မျက်မှောင်ကြုတ်လိုက်တယ် ။
"မင်းကို ဒီနေ့ ချိန်းလိုက်ရတာက ပြောမှဖြစ်မှာလေးတွေ ရှိနေလို့.........."
သူ့အသံက လေးနက်ပြီး ပြတ်သားလို့နေတယ် ။
"ငါတို့ အဆုံးသတ်ကြရအောင် ချန်းလင်လင်း"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now