❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"အဟက် အလုပ်တော့ လာရဲသေးတာပဲ''

၁လခန့် အရုပ်လည်းမမြင်ရ အသံလည်းမကြားရပဲ ပျောက်ချင်းသားကောင်းနေသည့်
လေးညို့ရှင်ကို ဒီမနက်တွင် တွေ့လိုက်ရတော့ လွမ်းရသည့် ရက်တွေအတွက် အတိုးဖြင့်
တစ်ဝကြီး ကြည့်ပြီးတော့မှ ခေါင်းလေး ငုပ်ကာ

"မင်း ဘယ်တွေသွားနေတာလဲဟင်''

"အဟက် မင်း အပူမပါဘူး မြတ်နိုးရာ ဘာလဲ
မင်းက ကိုယ့်နေရာကို ကိုယ် မသိသေးဘူးလား ဒါမှမဟုတ် မင်းက ကလေးအဖေတစ်ယောက် ဆိုတာ မေ့သွားတာလား''

"မဟုတ်ပါဘူး ငါက ဒီတိုင်း မေးကြည့်တာပါ
မင်း အဆင်ပြေတယ် ဆိုရင်ပဲ ရပါပြီ ''

မောင့်အရှေ့မှာ ဆက်ပြီးရပ်ဖို့ အားအင်
မရှိတော့တာကြောင့် လှည့်အထွက်...

"မင်းကို ငါ့မျက်စိ ရှေ့မှာ မမြင်ချင်ဘူး ဆိုတာ
မသိဘူးလား ''

"ဒီတစ်ခုတော့ တောင်းပန်ပါတယ် ငါ့မှာ ဝင်ငွေ ရတာ ဆိုလို့ ဒီအလုပ်တစ်ခုပဲ ရှိလို့ပါ ''

"အော် ပိုက်ဆံကြောင့်ကိုး အေးပေါ့ အေးပေါ့
မိန်းမကလည်း မွေးခါနီး ဖွားခါနီး ဆိုတော့
ပိုက်ဆံ လိုမှာပေါ့ ''

ခနဲ့သလို ဆိုလာသော မောင့်စကားတွေကို
မကြားချင်ယောင်ဆောင်ကာ လှည့်ထွက်လာလိုက်သည်။ ဒီတစ်ခါတော့ မောင် တကယ်ပဲ
စိတ်အနာကြီး နာနိုင်လောက်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာ သေးသေးလေးမှ မဟုတ်တာ။ အဟက် လူစွမ်းကောင်းကြီး လုပ်ချင်မှတော့
ခံပေါ့။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"သား''

"ဗျာ အဖေ''

"ဘယ်တွေ လျှောက်သွားနေတာလဲ
ပျောက်သွားတာမှ အကြာကြီးပဲ၊ အဖေက
သားကို ကုမ္ပဏီလွဲပေးဖို့အချိန် ရောက်တော့မှ ဘာမပြောညာမပြောနဲ့ ဘယ်ကို သွားနေတာလဲ သားရယ်''

"ဒီလိုပဲ စိတ်ပြေလက်ပျောက် ခရီး ထွက်သွားတာပါ အဖေ၊ စိတ်ချပါ ကျွန်တော် အခု
အဖေအရှေ့ ရောက်နေပါပြီ၊ အဖေ ဖြစ်စေချင်တဲ့အတိုင်း သား နေတော့မယ် ၊ ဒါပေမယ့်
တစ်ခုပဲ သား အဖေရဲ့ တာဝန်ကို ယူစေချင်ရင်
မြတ်နိုးရာကို အလုပ်ထုတ်ရမယ်''

I can only imagine Место, где живут истории. Откройте их для себя