"ဟုတ်ကဲ့ကော"

ရှောင်းကျန့် ကောတို့ထွက်သွားတာနှင့် ထိုင်ခုံပေါ်အရုပ်ကြိုးပျက်သလို ထိုင်ချလိုက်မိသည်။
ခိုင်မြဲအောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့သည့် ကြိုးများက ပြတ်တောက်သွားတော့မည်။
မကြာခင် သူလည်းတစ်ယောက်တည်းပြန်ဖြစ်တော့မည်။
ရာဇဝတ်မှုတွေကြားမှာ အမြဲတမ်းအလုပ်ပိနေမည့် လူတစ်ယောက်၊
သူငယ်ချင်းတစ်ယောက်မှမရှိဘဲ အလုပ်တွေထဲသာခေါင်းနှစ်ထားပြီး နာကျင်မှုတွေကို ဖုံးကွယ်ထားရတော့မည့် လူတစ်ယောက်၊
ကိုယ့်အပေါ် စိတ်အရင်းအမှန်နှင့် ဆက်ဆံပေးသည့်မိတ်ဆွေတွေကို ဆုံးရှုံးရတော့မည့် လူတစ်ယောက်၊
ကိုယ်ချစ်ရသူရဲ့ အမုန်းကိုထာဝရပိုင်ဆိုင်ရတော့မည့် လူတစ်ယောက် အဖြစ်နေထိုင်သွားရတော့မည်။

ဒီဆုံးဖြတ်ချက်က သူကိုယ်တိုင်ချမှတ်ခဲ့တာ ဖြစ်သည့်အတွက် ရှောင်းကျန့် နောင်တရလားဆိုရင် သူဘာဖြေရမှန်းမသိ။
မချစ်ခဲ့သင့်သည့်သူကို မေ့နိုင်ဖို့က ဒီတစ်နည်းဘဲရှိသလို၊ ကိုယ့်ကိုမချစ်ဖို့အတွက် ဖြေရှင်းဖို့ကလည်း ဒီတစ်နည်းဘဲရှိသည်။

၁နာရီလောက်ကြာတော့ ရိဝူနှင့်အတူတူ ဝမ်သူဌေးတို့ရောက်လာပြီး စစ်ဆေးမေးမြန်းမယ့် အခန်းထဲကို ဝင်သွားသည်။
ရိဝူက ဝမ်သူဌေးကိုစစ်မေးပေမယ့် ဝမ်သူဌေးက သူဘာမှမလုပ်ထားဘူးဆိုတာကိုဘဲ ထပ်တလဲလဲဖြေတာကြောင့် ဝမ်သူဌေးကို ၁၀ရက်ဖမ်းဆီးထားခွင့်ပြုဖို့ အထက်လူကြီးတွေကိုပြောဖို့အတွက် ရိဝူထွက်သွားသည်။

🦁🐷

ရိပေါ် ကျောင်းရောက်တော့လည်း မျက်နှာကြီးပြုံးဖြီးနေကာ အရမ်းကိုကျေနပ်အားရနေမိသည်။
ဒီထက်ပိုပြီး အဆင့်တက်ချင်ပေမယ့် ပါးပါးကိုပေးထားသည့်ကတိကြောင့် ရိပေါ်ကြိတ်မှိတ်ခံပြီးတော့သာ ကျောင်းပြီးသည့်အထိနေရအုန်းရမည်။

ရိပေါ်ပြုံးနေတာကိုကြည့်ပြီး hai kuanကခေါင်းခါကာ ရိပေါ်ပြုံးနေရတဲ့အကြောင်းရင်းကိုမေးလိုက်သည်။

"ရိပေါ် ဘာတွေပြုံးနေတာလဲ"

"သူ့ပါးလေးက နူးညံ့ပြီး ထပ်ခါထပ်ခါနမ်းချင်စရာကောင်းတယ်။"

SECRET ( Completed)Where stories live. Discover now