အပိုင်း(၂၃)

Start from the beginning
                                    

အချစ်ဆိုတာက တကယ်ချစ်မိသွားရင်  အနည်းနဲ့အများတော့ ပူလောင်တယ်။ ကိုယ့်ထပ်လူ့လောကကို အရင်ရောက်ပြီး ကိုယ့်ထပ်လောကကြီးအကြောင်း ပိုသိပိုနားလည်တဲ့သူကို ကိုယ်က အမြဲစိတ်ပူနေမိတယ်။ ဒါကလည်း
အမြဲတမ်း သူ့အကြောင်းပဲတွေးမိလို့ဖြစ်ပါလိမ့်မယ်။
လူတွေက အရက်မူးတဲ့အခါ ငုပ်လျှိုးနေတဲ့ သူတို့ရဲ့ true color တွေပေါ်လာတတ်ကြတယ်ဆိုတဲ့အတိုင်း အမြဲတမ်းသူ့ရဲ့တစ်နေတာကို လိုက်တွေးပြီး စိတ်ပူတတ်တာက ကိုယ့်ရဲ့ အချစ်အတွက် true color ဖြစ်နေမလားပဲ။

ဟန်နေနဲ့တုန်းက အခုလိုမဟုတ်ခဲ့တာ ကိုယ်သာအသိဆုံး။
ဒီလိုသာဆို ဟန်နေအပေါ် ကိုယ်ဟာ မတရားခဲ့ဘူး။ ဟန်နေကိုယ်တိုင်ကလည်း သူ့အပေါ်မတွယ်တာခဲ့တာလည်း အမှန်ပဲမို့ ရင်ခုန်တာကနေ အချစ်ဆိုတဲ့အဆင့်ထိ မရောက်ခဲ့တာဖြစ်သည်။

"အဝတ်လေးဘာလေးပြန်မလဲတော့ဘူးလား
ရွှိုင်းနင်းဂွိုင်းနင်းလေးပြန်လုပ်အုန်း
Impression downတယ် သားရေ
ငါက မနက်ကရေထချိုးလာတယ်ဟ"

စားပြီးသောက်ပြီးတော့ ၁၂နာရီခွဲတော့မည်ဖြစ်သည်။
အားဝေအပြောကြောင့် မနက်စာမေးပွဲဖြေဖို့ ဝတ်လာတဲ့ နက်ပြာရောင်အစင်းရှပ်လက်ရှည်နဲ့ အောက်က ဂျင်းဘောင်းဘီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ ရေကလည်း မနေ့ကတည်းကချိုးထားတာမို့ ဟိုနမ်းဒီနမ်းလုပ်လိုက်တော့ ကိုယ်သုံးနေကျ Roll-onနံ့ရသည်။ မနက်ကလည်း ကိုယ်လက်သန့်စင်ထားပေမယ့် အားဝေပြောသလို သူ့ရှေ့ ကွန်ဖီးဒန့်ရှိဖို့ ရေလေးပြန်ချိုးရင်ကောင်းမလား။ (Ps-တောင်ကြီးမှာနေလျှင် ရေနေ့တိုင်းချိုးစရာမလိုပါ😆)

"အချိန်မီပါ့မလား"

" မင်းအဖေက အခုမှ ၁၂ နာရီခွဲပဲရှိသေးတာ
တရေးတောင်အိပ်လို့ရသေးတယ်
ဟိုကသူလေယာဉ်ပေါ်တက်မှ ဖုန်းဆက်မယ်လို့ပြောထားတယ်မလား"

" ဒါဆို ငါ့ကားနဲ့ပဲ သွားမလား မင်းလည်း ငါ့အိမ်မှာပဲ
ခနနားလိုက်"

"အေး"

အိမ်ရောက်တာနဲ့ မေမေက စာမေးပွဲဖြေနိုင်လားဆိုတဲ့
အမေးကို ခေါင်းသာငြိမ့်ပြပြီး အားဝေနဲ့ထားခဲ့ကာ
အခန်းဆီပြေးတက်ပြီး ရေချိုးခန်းထဲ တန်းဝင်လိုက်သည်။လက်တစ်ဖက်တည်းနဲ့မို့ တဖက်ကပတ်တီးရေမစိုအောင် လက်ကိုင်ရေပန်းနဲ့သာ ခပ်မြန်မြန်ချိုးလိုက်ရသည်။ ရေချိုးပြီးတော့မှန်ရှေ့မှာ မျက်ခုံးက တစ်လက်မနီးနီးရှိတဲ့ ဖောင်းနေသည့်အနာရွတ်ကိုကြည့်ပြီး စိတ်ရှုပ်ရသေးသည်။

 NYAN'SWhere stories live. Discover now