“ကိုကိုက ဘတ်ဟွန်းနီးကိုပဲ ချစ်တာပါ ကလေးရာ.”

တိုးဖွဖွသာရေရွတ်လျက် ဟန်မြစ်ဘေးတစ်လျှောက်ရောက်လာခဲ့တော့သည်။ ဘတ်ဟျွန်း ရှိနေမည့်နေရာကို ဦးလေးကြီးက သေချာပြောပြလိုက်ပြီးသားမို့ မြစ်ကမ်းဘေး ခုံလေးတစ်နေရာမှာ ခပ်ကျူံ့ကျူံ့ထိုင်လျက် ရေပြင်ကြီးကို ငေးမောနေသည့် ဘတ်ဟျွန်းကို သူ တွေ့လိုက်ရတော့သည်။ လက်ခုံဖြင့် မျက်လုံးတွေကို ဖိပွတ်လိုက် ပခုံးလေးတုန်လှုပ်လိုက်ဖြင့် ဘတ်ဟျွန်းက ခုထိ ဝမ်းနည်းနေသေးသည့်ဟန်။ ချန်းယောလ် အနားလည်း တိုးကပ်မသွားနိုင်သေး။ မလှမ်းမကမ်းကနေသာ ရပ်ကြည့်နေမိ သည်။မတော်လို့ ဘတ်ဟျွန်း စိတ်တအားဆိုး ဝမ်းနည်းပြီး ပြတ်စဲမည့်အကြောင်းတွေများထွက်လာခဲ့လျှင် ဒုက္ခပင်မဟုတ်ပါလား။

သူ စိတ်ပူပန်လေးလံစွာဖြင့်ကြည့်နေတုန်းမှာပင် ဘတ်ဟျွန်းက လက်မြှောက်လျက် ဘာကိုကောက်ပစ်လိုက်သည်မသိ။ ခဏလေးနေပြန်တော့ သူကြည့်နေလျက်တန်းလန်းမှာပင် ထိုင်ရာကထလျက် ရေပြင်ဆီကို ခပ်သွက်သွက်လှမ်းပြန်တော့ ချက်ချင်းခြေမကိုင်မိလက်မကိုင်မိ ပြေးလာရသူက ချန်းယောလ်။

“ဘတ်ဟျွန်း.. ဘယ်သွားတာလဲ ပြန်လာခဲ့.. ဘတ်ဟျွန်းနီး.”

သူ့အသံကိုဘတ်ဟျွန်းက ကြားသည်ထင်သည်။ပြန်လှည့်ကြည့်လာပြီးမှ ချန်းယောလ်မှန်းလည်းသိရော ချက်ချင်းမျက်နှာပြန် လွှဲလျက် ပြေးသည်။အကြီးအကျယ်တုန်လှုပ်သွားရသူက ချန်းယောလ်။အားကုန်သုံးလျက် လှုပ်တုပ်တုပ် ပြေးနေသည့် ဘတ်ဟျွန်း၏ခါးကိုနောက်ကနေ အားဖြင့်သိမ်းဖက်လိုက်ပေတော့သည်။

“ဘာလုပ်တာလဲ။ ဘာလုပ်ဖို့ကြိုးစားတာလဲဟမ်။ ကိုယ့်ကိုရူးသွားတာမြင်ချင်လို့လား. ”

အသံတွေပါတုန်ယင်လျက် ဘတ်ဟျွန်းခါးကိုအတင်းသိမ်းကျူံးဖက်လျက် ဆိုနေသူကြောင့် ဘတ်ဟျွန်းသည်ပင်လျှင် ရှေ့ကို ကုန်းကုန်းလေးဖြစ်နေရတော့သည်။

“မင်းထင်တာမြင်တာတွေမဟုတ်ဘူးနော် ဘတ်ဟျွန်းနီး. အဲ့အမျိူးသမီးကို ကိုယ်လုံးဝစိတ်မရှိတော့ဘူး။သူက ဂန်ထယ်ဟိုကို ရွဲ့ရင်းတမင်လုပ်တာကို ဘတ်ဟျွန်းနီးမြင်သွားတာ. ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။နောက်ခါ ကိုယ်သူ့ကိုသေသေချာချာ သတိပေးထားမှာမို့ ဘတ်ဟျွန်းနီးက ဒါမျိူးတွေမလုပ်ပါနဲ့.ကိုကိုမှားပါတယ် ဘတ်ဟျွန်းရယ် ကိုကိုမှားပါတယ်”

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now