"အသတ်ခံရလိုက်ရတယ် ဟုတ်လား။"

"ဟုတ်တယ် ကော ကျွန်တော်တို့သိထားသမျှမှာ တချို့ကအလိမ်အညာတွေကြီးပဲ။ ကျွန်တော် မြေပုံကိုကြည့်ရသလောက် ခြံဝိုင်းအကျယ်ကြီးရဲ့အလယ်မှာ ဝမ်သူဌေးက အိမ်ဆောက်ထားပြီး အဲ့ဒီအိမ်ကသူများအမြင်မှာ စားသောက်ဆိုင်လိုသဘောဖြစ်နေပေမယ့် မြေအောက်တိုက်မှာတော့ ပြည့်တန်ဆာအိမ်ဖြစ်နေတယ်။ နောက်ပြီး အဲ့ဒီအိမ်က ကျွန်တော်တို့အဆောင်နေရာမှာ။"

"ဝမ်သူဌေးကလုံးဝမထင်ရဘူးဘဲ။ ဒါနဲ့သူ့သားဆီကရော ဘာအကြောင်းတွေသိလဲ"

"ကျွန်တော် သူ့ဆီကတော့ သတင်းမနှိုက်ဘူး။ ကျောင်းကကျောင်းသားတွေဆီဘဲ သိချင်တာမေးလိုက်တယ်။ ကလေးတွေဆိုတော့ စပ်စပ်စုစုရှိတယ်လေ။"

"အင်းပါ ငါတို့အမြန်ဆုံးဝမ်သူဌေးကိုဖမ်းနိုင်ရင် ကောင်းမယ်။ ငွေဆိုတဲ့အရာတွေနောက် ငါတို့လူတွေမပါသွားခင်၊ ငါတို့သတင်းတွေမပေါက်ကြားခင် အမြန်ဖမ်းမိမှဖြစ်မယ်"

"ဟုတ် ကျွန်တော်ကြိုးစားပါ့မယ်ကော"

"အင်း ဂရုစိုက်ပါ ကျန့်ကျန့်"

"ကျွန်တော် ကလေးမဟုတ်တော့ပါဘူးကောရယ်။ စိတ်မပူနဲ့ ကျွန်တော်ပြန်တော့မယ်"

"ပြန်တော့မလို့လား။ အခုမှစကားစပြောတာကို"

"ကြာနေပြီလေ ကျွန်တော်ပြန်တော့မယ်"

"အင်းပါ ဂရုစိုက်"

ရှောင်းကျန့် ရိဝူကောကို နှုတ်ဆက်ပြီး taxiငှားကာ hotelကိုပြန်လာခဲ့သည်။
ရှောင်းကျန့် ရှုပ်ယှက်ခတ်နေတဲ့ လမ်းမကြီးကိုကြည့်ပြီး ကိုယ့်အကြောင်းကိုတွေးနေမိတယ်။

အမေ ဆိုတာတောင်သေချာမမှတ်မိသေးတဲ့ ၃လသားလောက်ကတည်းက အမေ ဖြစ်သူက ရှောင်းကျန့်ကိုပါးပါးနှင့် ထားပြီးထွက်သွားခဲ့တယ်။ ပြည့်စုံအောင်မထားနိုင်တဲ့ ပါးပါးကိုအပြစ်တွေပုံတွေချပြီး ဆင်းရဲမှုဒဏ်ကိုမခံနိုင်တော့တာကြောင့် ထွက်သွားတဲ့မားကို ပါးပါးကအပြစ်မတင်နိုင်ပေမယ့် ရှောင်းကျန့်ကတော့အပြစ်တင်သည်။
မားမားကြောင့်မို့ ပါးပါးက အလုပ်ကောင်းစွာမလုပ်နိုင်ဘဲ သူ့ကိုစောင့်ရှောက်ခဲ့ရတာ။
ပင်ပန်းမှုကြောင့် အသက်ကြီးလာလေ အလုပ်မလုပ်နိုင်လေ ဖြစ်လာတဲ့ပါးပါးနှင့်သူ့ကို ရိဝူကောကစောင့်ရှောက်ပေးခဲ့တာကြောင့် ရှောင်းကျန့်အခုချိန်ထိအသက်ရှင်ခဲ့တာ။
တက္ကသိုလ်တက်တဲ့အထိ ရိဝူကောကစောင့်ရှောက်ပြီး ပံ့ပိုးပေးခဲ့သည်။
ရှောင်းကျန့် ကျောင်းပြီးတော့ အစိုးရရဲဝန်ထမ်းထဲဝင်ကာ ရိဝူကောနှင့်တာဝန်အတူတူထမ်းဆောင်ခဲ့သည်။
ယခုရှောင်းကျန့် တာဝန်ယူနေရတဲ့ကိစ္စက လူအများကြီးသေဆုံးရတဲ့အမှုကိုလိုက်ရင်း ဝမ်သူဌေးနှင့် ပတ်သတ်နေတယ်လို့ သံသယရှိတာကြောင့် ယခုသူတက်နေတဲ့ကျောင်းကို စုံစမ်းဖို့ အသက်လိမ်ပြီးကျောင်းဝင်ခွင့်ဖြေခဲ့သည်။

SECRET ( Completed)Место, где живут истории. Откройте их для себя