အပိုင်း(၂၂)

Depuis le début
                                    

အရင်က ကိုယ်လည်းဒီလို အရစ်မရှည်တတ်ပေမယ့်
ကိုယ့်စကားဆို တစ်ချိန်လုံးအထအနကောက်လွန်းနေတဲ့
ဉာဏ်ကြောင့် ကိုယ်တိုင်တောင် စကားများလာသည်အထိ။သူ့ကိုစိတ်ပူလို့ ဒီဖက်မှာကိုယ်တိုင် အလွဲလွဲအမှားမှားတွေ ကြုံခဲ့ရဖူးတာ ကိုယ်သာအသိဖြစ်သည်။  တစ်ခါကမှ ဘယ်လောက်ပေါက်ပေါက်ရှာရှာ ပြောသလဲဆို လူနာထိုးမယ့် ဆေးထိုးအပ်ကလက်ကို မှားထိုးမိရင်
ဘယ်လိုလုပ်မလဲတဲ့။ ကိုယ့်ရဲ့ ဆေးထိုးအပ်ကိုင်မှုအပေါ်ကျွမ်းကျင်နေသားကျမှုကို ဒီကလေးမသိတာလည်း မဟုတ်ဘဲ ကြံဖန်တွေးနေတာ။

-သူ့ဘာသာသူ စိတ်ပူနေတာကျ ဘယ်လိုလုပ်မလဲ
အစ်ကိုကသာ ဂရုစိုက်ပါမယ်လို့ဖြေလိုက်ရင်
ကျွန်တော် နည်းနည်းတော့ စိတ်သက်သာရာရမှာပဲကို

" အင်း ကိုယ်ဂရုစိုက်ပါတယ်"

-စာမေးပွဲ အချိန်ဇယားတွေထွက်လာပြီ
ပတ်တီးဖြေရမယ့် အချိန်နဲ့ကိုက်နေတယ်
ဘယ်လိုလုပ်ရမလဲဟင်

"ဟုတ်လား ကြားပိတ်ရက်ရတယ်မလား
အဲ့ဒီရက်ဖြေချင်ဖြေလေ မဟုတ်လည်း ပြီးမှဖြေရင်ရော"

-လေးဘာသာဖြေပြီး ကြားထဲစနေတနင်္ဂနွေ ပိတ်တယ်
အဲ့နှစ်ရက် ခနလာခဲ့ပေးလို့ မရဘူးလား

" အဲ့တာက"

-မချစ်သေးလည်း လူနာလာကြည့်တယ်လို့ သဘောထားပြီး လာလို့ရတာပဲ ကျွန်တော်သာဆို ချက်ချင်းပြေးလာမိမှာ

ဉာဏ့်စကားကြောင့် ရယ်တောင်ရယ်မိသွားသည်။ သူလာကြည့်ဖို့ ကိုယ်ကလက်ကျိုးပြရမည့် ပုံစံ။ ဒီရက်ထဲဖုန်းဆင်တိုင်း သူ့ဆီလာဖို့က မပြောတဲ့နေ့မရှိ။ အမှန်တကယ်ဆိုကိုယ်တိုင်လည်း ဖုန်းနဲ့သာ ပြောချင်တာတွေပြောနေတာ
သွားတွေ့ဖို့ကျတော့ ရှက်သလိုလို မျက်နာပူသလိုလိုကြီးဖြစ်နေတာမျိုး။ အများမသိရင်တောင် သိနေတဲ့ လူတွေရှေ့ အိန္ဒြေပျက်တာမျိုးဖြစ်တာကိုလည်း မလိုချင်တာကြောင့် အများကြီး ဆင်ခြင်ရမည်မဟုတ်လား။

" အင်းပါ ကိုယ်ဂျူဒီချိန်တွေ ပြန်ကြည့်ပြီး
စဉ်းစားလိုက်မယ်"

 NYAN'SOù les histoires vivent. Découvrez maintenant