အပိုင်း(၂၂)

Bắt đầu từ đầu
                                    

"ဒီနေ့ ဖုန်းမဆက်သေးပါလား ၁၂နာရီ ၅မိနစ်ရှိနေပြီ"

" ဒီနေ့tutorial သွားဖြေရမယ်လို့ပြောတယ်"

ဆေးရုံက ဆင်းပြီး ဆေးခွင့်နဲ့ ကျောင်းမတတ်ရသေးပေမယ့် နောက်ဆုံးနှစ်ဆိုတော့ term paper တွေကို group နဲ့လုပ်ရသေးတာမို့ ဉာဏ်က လုံးဝကြီး နားနေရတာတော့မဟုတ်။ လက်ကပတ်တီးကြီး တကားတားနဲ့ အရေးကြီးရင် ကြီးသလို အတန်းပြေးတက်နေရသေးသည်။

"နောက်တစ်ခါ ရန်ဖြစ်တယ်ကြားရင် ကိုယ်စိတ်ဆိုးမယ်"လို့ပြောတော့ "ရန်လာစလည်း အထိုးခံပြီးပြန်လာရမှာလား"ဆိုတော့ screen ပေါ်ကမြင်နေရတဲ့ ပေတီးထုပ်ကို တစ်ဖက်ကျ်ိိုးကောင်လို့ ဆဲမိတော့ ရိုင်းလိုက်တာတဲ့။

Ring

"အသက်ရှည်အုန်းမယ် ပြောရင်းဆိုရင်း လာပြီ"

မပိုးက လှမ်းနောက်တော့ ရယ်ပြီး ဘေးမှာချထားတဲ့ ဖုန်းကိုကောက်ကိုင်လိုက်သည်။

" အင်း"

-ထမင်းစားနေပြီလား

"အခုစားနေတာ"

-အခုကျောင်းမှာ ၂နာရီလောက် အိမ်ပြန်မှာ

"လက်က အဆင်ပြေလား
ချုပ်ရိုးကလည်း ယားတယ်ဆိုပြီး မကုတ်ပစ်နဲ့နော်"

-အင်း ဂရုစိုက်နော်

"ဉာဏ်ကသာ ဂရုစိုက်ရမှာလေ"

အရှေ့ကိူ မော့ကြည့်မိတော့ နှစ်ယောက်သားကိုယ့်ဆီ အာရုံရှိပုံမရ စကားတပြောပြောနဲ့ ထမင်းစားနေကြသည်။

- အင်း သိပေမယ့် စိတ်ပူလို့မရဘူးလား

ဒီကလေး ဘွဲ့ရပြီးရင် ယဉ်ကျေးလိမ္မာစကားပြောနည်း အရင်သင်ပေးရမယ် ။ ရိုင်းတာလည်းမဟုတ်ပေမယ့်
စိတ်ထဲရှိတဲ့အတိုင်း ဒဲ့တွေပြောချလွန်းတော့ တဖက်လူမှာ
နားဝင်မချိုတော့တဲ့ အနေအထားမျိုးဖြစ်သည်။

" ကိုယ်ကို့ စိတ်ပူနေရင် အဲ့ဒီဖက်က အလုပ်တွေကို ဉာဏ်က ဘယ်လိုလုပ် အာရုံစိုက်မလဲ"

 NYAN'SNơi câu chuyện tồn tại. Hãy khám phá bây giờ