"အေးပါကွယ် ဘိုးဘိုးသွားနားတော့မယ်နော် မြေးလေးတို့"
"ဟုတ်ကဲ့ပါဘိုးဘိုး"
ဘိုးဘိုး အိမ်လေးရဲ့အနောက်ထဲဝင်သွားမှ ရှောင်းကျန့် ရိပေါ်လက်မောင်းကို လက်သီးနှင့်လှမ်းထိုးလိုက်သည်။
"အာ့...နာလိုက်တာ ရှောင်းကျန့်ရာ"
"ခုဏက ဘာလို့ရီတာလဲ"
"ဒီအတိုင်းပါပဲကွာ အိမ်ထဲဝင်ရအောင်လေ"
"အင်း"
ရိပေါ် အိမ်တံခါးဖွင့်ကာ အိမ်ထဲဝင်ပြီး ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်လိုက်သည်။
ရှောင်းကျန့်က သူနှင့်မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ပြီး မျက်လုံးလေးကတစ်အိမ်လုံးအနှံလျှောက်ကြည့်နေသည်။"ရိပေါ် ဒါဘယ်သူ့အိမ်လဲ"
"ငါ့အိမ်"
"မင်းတစ်ယောက်တည်း နေဖို့အတွက်လား"
"အင်း စိတ်ညစ်တဲ့အချိန်တိုင်း ဒီအိမ်လေးကိုလာတယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး နေလို့လည်းကောင်းတယ်။ အနောက်မှာလည်း ပန်းဥယျာဥ်အကျယ်ကြီး ရှိတယ်။စိတ်ညစ်တဲ့အချိန် အဲ့ဥယျာဥ်လေးထဲမှာသွားထိုင်ပြီး သီချင်းလေးသာနားထောင်လိုက်။
ခံစားရတဲ့ခံစားချက်က အရမ်းကိုမိုက်တယ်။""ဟုတ်လား ငါ့ကိုလိုက်ပြ"
"အင်း သွားမယ်လေ"
ရှောင်းကျန့် ရိပေါ်သွားတဲ့နောက်လိုက်သွားလိုက်သည်။
အိမ်ရဲ့အနောက်ဘက်ကိုရောက်တော့ အနောက်မှာ အိမ်လေးတစ်အိမ်ရယ် လှပတဲ့ပန်းဥယျာဥ်ကြီးရယ်ကြောင့် ရှောင်းကျန့်အံ့သြမှင်သပ်မိသွားသည်။
သစ်ပင်အကြီးကြီးတွေ၊ လှပတဲ့ပန်းပင်လေးတွေကို သေချာပြုစုပျိုးထောင်ထားသည် ထင်ပါ့ အရမ်းကိုလှလွန်းတာကြောင့် ရှောင်းကျန့်ဘာစကားမှမပြောနိုင်။"လှတယ်မလား"
"အင်း အရမ်းလှတယ်၊ ဒီအပင်တွေဘယ်သူစိုက်ထားတာလဲ လှလိုက်တာ သေချာပြုစုပျိုးထောင်ထားတယ်ထင်တယ်"
"အင်း ဟုတ်တယ် ဒီမြေနေရာကိုဝယ်တုန်းက ကွင်းပြင်ကြီးရယ်။အကျယ်ကြီးဆိုတော့ ငါလည်းဘာလုပ်ရမှန်းမသိဘူး။ အဲ့ဒါနဲ့အရှေ့လေးမှာ ငါနေဖို့အိမ်လေးဆောက်ထားပြီးအနောက်မှာတော့ ပန်းဥယျာဥ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အပင်တွေကိုကျ အဘိုးရဲ့သားနဲ့သမက်က သေချာပြုစုပျိုးထောင်ထားတာလေ။"
Part 19
Start from the beginning