"တကယ်ဆို ဒီကိစ္စတွေက ကျွန်တော်တို့နှင့်မဆိုင်ဘူး ဒီကျောင်းကိုပိုင်တဲ့ကျွန်တော့်ပါးကသာ ဒီကိစ္စတွေကိုရှေ့ထွက်ဖြေရှင်းရမှာ အခုတော့ဗျာ"

ရိပေါ် ပါးကိုတကယ်စိတ်တိုတယ် ကျောင်းကလည်းရိပေါ်တစ်ဝက်ပိုင်တယ်ဆိုပြီး ရိပေါ်ကို ဖြေရှင်းခိုင်းကာ နိုင်ငံခြားထွက်သွားတဲ့ပါးကို ရိပေါ်ဘယ်လိုနားလည်ရမလဲ။

"ရိပေါ် ဦးလေးကအလုပ်ကိစ္စအရေးကြီးလို့ နိုင်ငံခြားကိုအမြန်သွားရတာလေ။ဦးလေးတင်မဟုတ်ဘူး ကောရဲ့ပါးပါးကပါ ဦးလေးနှင့်အတူနိုင်ငံခြားလိုက်သွားရတာ။
ဒီမှာ ဖြေရှင်းနိုင်တဲ့သူဘယ်သူမှမရှိဘူးရိပေါ် အဲ့တော့ ဦးလေးအပေါ်အရင်ဆုံးဒေါသထွက်နေတာကိုလျှော့လိုက်ပြီး ကောပြောတဲ့ကိစ္စကိုပဲစဥ်းစား"

"အင်း ကျွန်တော်သိပါတယ် ကောအဆင်ပြေမယ်ထင်တာကိုပဲ ကောလုပ်လိုက်ပါ"

"အဲ့ဆိုရပြီ ကောစီစဥ်လိုက်မယ် သုံးလေးရက်လောက်ကျောင်းတက်ဖြစ်မှာမဟုတ်ဘူး အဲ့ဒီရက်တွေအတွင်း အဆောင်ကအငယ်တန်းလေးတွေကိုသေချာဂရုစိုက်ပေးရိပေါ်"

"ဟုတ်"

ရိပေါ် hai kuanနှင့်တိုင်ပင်စရာရှိတာတွေတိုင်ပင်၊စီစဥ်စရာရှိတာတွေစီစဥ်ပြီး အတန်းထဲလာခဲ့သည်။
အတန်းရောက်တော့ ရှောင်းကျန့်က ကွမ်းရှမ်းနှင့်ပြုံးရွှင်စွာ စကားပြောနေတာကြောင့် ရိပေါ်ရဲ့နဂိုကတည်းကဒေါသထွက်နေတဲ့စိတ်တွေပြေပျောက်ခါစက မီးတောင်ပေါက်ကွဲသလိုအရှိန်အဟုန်ပြင်းစွာနှင့် ဒေါသထွက်လာပြန်သည်။

ရိပေါ်ရဲ့အေးဆက်ခက်ထန်နေတဲ့မျက်နှာနှင့် ဒေါသထွက်နေတဲ့အရိပ်အငွေ့တွေ တွေ့လိုက်ရတဲ့ အတန်းထဲရှိလူများ၏စကားပြောသံတွေကလည်း တဖြည်းဖြည်းတိုးလာကာ နောက်ဆုံးလုံးဝတိတ်ဆိတ်သွားသည်။
အားလုံးတိတ်ဆိတ်သွားပြီဆိုမှ ရိပေါ်လည်းအရှေ့မှာရပ်ကာ ပြောစရာရှိတာပြောလိုက်သည်။

" ကျောင်းသားအားလုံး ဒီနေ့ကစပြီးရက်တချို့အထိ မနေ့ညကနေခဲ့တဲ့ hotelမှာဘဲနေရမယ်။ ကျောင်းဆင်းတာနဲ့အပြင်မှာ လာကြိုတဲ့ကားတွေစောင့်နေလိမ့်မယ်။
ဘယ်သူမှအပြင်လျှောက်မသွားရဘူး။ အပြင်လျှောက်သွားနဲ့ ကျောင်းထုတ်မယ်။ စည်းကမ်းချက်အချို့လည်း ချထားတယ် သေချာလိုက်နာပါ။ မင်းတို့အတွက်ပြောနေတာမလို့ မလိုက်နာရင် မင်းတို့အပြစ်မင်းတို့ခံရမယ်။"

SECRET ( Completed)Where stories live. Discover now