ရိပေါ် ရေချိုးပြီးထွက်လာတာနှင့် ကုတင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ ရှုပ်ပွနေတဲ့ဆံပင်လေးနှင့်ပါးစပ်ကလေးဟကာ ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ရှောင်းကျန့်ကြောင့် အနားသွားပြီး နှာခေါင်းလေးကိုလက်ညှိုးလေးနှင့်ပွတ်လိုက်တော့ ကိုယ်လေးတစ်ချက်တွန့်သွားကာ အိပ်ယာပေါ်ကခုန်ဆင်းပြီး ရေချိုးခန်းထဲပြေးဝင်သွားတာ​ကြောင့် ရိပေါ်အံ့သြသွားသည်။

ရှောင်းကျန့်ရေချိုးခန်းထဲရောက်တော့ တအားခုန်နေတဲ့ရင်ဘတ်ကိုဖိကာ သူ့ကိုယ်သူမှန်ထဲပြန်ကြည့်လိုက်တော့ နီနေတဲ့နားရွက်နှင့်လည်ပင်းကြောင့် စိတ်ရှုပ်သွားမိသည်။
ဘာလို့သူကရှက်နေရတာလဲ။

" ရှောင်းကျန့် မြန်မြန်လုပ်ကျောင်းနောက်ကျတော့မယ်"

"အင်း"

ရှောင်းကျန့် ရေမြန်မြန်ချိုးပြီး အင်္ကျီလဲဖို့အင်္ကျီလိုက်ရှာတော့ မယူလာခဲ့မှန်းသတိရသွားသည်။

ဒေါက် ဒေါက်

" ရှောင်းကျန့် ဒီမှာအင်္ကျီနဲ့တဘတ် တံခါးနည်းနည်းဖွင့်ပေးအုန်း"

ထုံးစံအတိုင်း အင်္ကျီနှင့်တဘတ်ယူဖို့မေ့သွားတဲ့ ရှောင်းကျန့်အတွက် ရိပေါ်ကဘဲအင်္ကျီထုတ်ပေးလိုက်သည်။
ရှောင်းကျန့် အဝတ်အစားလဲပြီး အပြင်ထွက်လာတာနဲ့ နှစ်ယောက်လုံး အခန်းပြင်အတူတူထွက်ကာ ရိပေါ်ဆိုင်ကယ်နှင့်ကျောင်းကိုလာခဲ့သည်။

"ရိပေါ် မင်းကိုမေးမလို့ အင်္ကျီတွေက အဆောင်မှာကျန်ခဲ့တာကို အခုဒါတွေက ဘယ်သူ့အင်္ကျီလဲ"

"အသစ်ဝယ်ခိုင်းလိုက်တာ"

" အော်အဲ့လိုလား"

"အင်း ဟိုမှာမင်းသူငယ်ချင်းတွေ သူတို့နဲ့ဘဲအခန်းအတူတူသွားလိုက်တော့ ငါလုပ်စရာလေးရှိလို့ မနက်ပိုင်းအတန်းတက်ဖြစ်ချင်မှတက်ဖြစ်မှာ"

"အင်း ငါသွားတော့မယ်"

"အင်း"

🍀          🍀            🍀

4.1.2021
🌷Loon

ဒီနေ့ရေးရတာ သိပ်စိတ်မပါလို့ ပေါ့သွားရင်တောင်းပန်ပါတယ်။

SECRET ( Completed)Where stories live. Discover now