" ရှောင်း.....ရှောင်းကျန့်"
".....''
"အိမ်မက်ဆိုးတွေမက်နေတာလား"
"အင်း...''
"အခုမှည၁နာရီလောက်ဘဲရှိအုန်းမှာ ထပ်အိပ်လိုက်အုန်းနော် ငါဘေးမှာရှိနေပေးမယ်"
"အင်း"
ရှောင်းကျန့် သူ့ဘဝမှာအခုလို အိမ်မက်ဆိုးမက်နေရင်နှိုးပေးမယ့်သူမရှိခဲ့။မျက်ရည်သုတ်ပေးမယ့်သူမရှိသလို၊ချောပြောမယ့်သူလည်းမရှိ။ထွေးပွေ့ပေးမယ့်လူလည်းမရှိသလို၊သူ့အလိုကိုလိုက်ပေးနိုင်တဲ့သူလည်းမရှိပေ။
ရိပေါ်သာ သူမရှိခဲ့တဲ့အရာတွေကိုပထမဆုံးပေးခဲ့တဲ့လူတစ်ဦးပင်။" လာလဲအိပ်လိုက်"
"အင်း"
ရိပေါ် ကုတင်ပေါ်ပြန်တက်ပြီး ရှောင်းကျန့်ဘေးနားဝင်လဲလိုက်သည်။
"အိပ်တော့ရှောင်းကျန့် ဘာမှမကြောက်နဲ့ မင်းအနားမှာငါတစ်ယောက်လုံးရှိတယ် ငါကာကွယ်ပေးမယ်"
" ကျေးဇူးဘဲ"
တစ်ခဏသာ ကာကွယ်ပေးမှုဖြစ်နေရင်တောင် ရှောင်းကျန့်ကတော့ ရိပေါ်ပြောတဲ့စကားအောက်မှာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ကာ ရိပေါ်ရင်ထဲ အိမ်မက်ဆိုးတွေမက်ပြီး ငိုနေတဲ့ရှောင်းကျန့်အတွက် အမြဲတမ်းလိုလိုအိမ်မက်ဆိုးတွေကနေနှိုးပေးချင်သလို၊ မကောင်းတဲ့အရာများ မကျရောက်အောင်လို့လည်း ကာကွယ်ပေးချင်တဲ့စိတ်တွေ တဖွဖွပေါ်လာတာကြောင့် အခက်တွေ့လာရသည်။
သူ့ဘက်က တစ်မျိုးလေးကာကွယ်ပေးချင်တယ်ဆိုအုန်းပေါ့ ကာကွယ်ပေးချင်တဲ့သူက အားနွဲ့တဲ့မိန်းမသားမှမဟုတ်တာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ယောကျ်ားတစ်ယောက်ဖြစ်တဲ့အပြင် သန်သန်မာမာလည်းရှိသည်။----------------
နောက်တစ်နေ့မနက်ရောက်တော့ ရှောင်းကျန့် မနေ့ညတုန်းကအကြောင်းပြန်တွေးမိသွားပြီး နားရွက်ဖျားလေးတွေနီလာရသည်။
ဘေးမှာရိပေါ်ကထသွားလို့တော့သေးသည် ပြောရမယ် မဟုတ်ရင် ရိပေါ်ကစနေမှာ။
ရေချိုးခန်းတံခါးဖွင့်သံကြားတော့ ရှောင်းကျန့်ရေချိုးခန်းတံခါးပေါက်ကိုမော့ကြည့်လိုက်တော့တွေ့လိုက်ရသည်က အပေါ်ပိုင်းဗလာနှင့် အောက်မှာတဘတ်အဖြူလေးပတ်ထားကာ ခေါင်းကိုရေသုတ်လျက်ထွက်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ဆွံအမိသွားသည်။
Part 14
Start from the beginning