" ရှောင်းကျန့် ဘယ်ကကြောင်မှန်းမသိဘဲနဲ့ မချီနဲ့လေ"
"ကြောင်လေးက အရမ်းချစ်စရာကောင်းလို့ပါ"
ရှောင်းကျန့် ကြောင်လေးကိုအသာလေးပွတ်ပေးပြီး လည်ပတ်လေးမှာစာလေးတစ်စောင်တွဲချည်ထားတာကြောင့် စာကိုဖြုတ်ယူပြီး ဖတ်ကြည့်လိုက်သည်။
' ရှောင်းကျန့်အတွက် ဝမ်ရိပေါ်မှ supriseလက်ဆောင်'
စာကိုမြင်မြင်ချင်း ရှောင်းကျန့်နှစ်ခါလောက်ပြန်ဖတ်လိုက်သည်။
ဝမ်ရိပေါ်က သူ့ကိုယခုလို ကောင်းမွန်တဲ့supriseပေးတယ်ဆိုတာ အံ့သြလွန်းတာကြောင့် ရှောင်းကျန့် စာကိုခဏခဏပြန်ဖတ်မိနေသည်။" ရှောင်းကျန့်ရယ် စာကိုခဏခဏပြန်ဖတ်နေတာ ဘယ်လောက်များရှည်လို့တုန်း"
လက်ထဲကဆွဲယူသွားတဲ့ စာလေးကိုပြန်လုချိန်မရလိုက် ချူလင်းရဲ့လက်သွက်ချက်က စံချိန်တင်လောက်ပါ၏။
"အမယ် ဝမ်ရိပေါ်ကပေးတဲ့စာလေးဆိုတော့ ခဏခဏပြန်ဖတ်နေရတယ်ပေါ့"
"အသာနေစမ်းပါဟာ ဒီကြောင်ကိုဘယ်နားထားခဲ့ရမလဲ။ခဏနေကျောင်းတက်တော့မှာ"
" စတိုခန်းထဲမှာထားခဲ့လိုက်လေ အိမ်ပြန်မှခေါ်သွားပေါ့ ဒါနဲ့နေပါအုန်း မင်းကကြောင်မွေးမလို့လား"
"အင်းလေ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး အဲ့ဆို အခုသွားထားရအောင် ကျောင်းတက်ရင်အော်ခံရလိမ့်မယ်"
"စတိုခန်းကိုမင်းလမ်းပြလေ ကွမ်းရှန်း"
"အင်း"
ရှောင်းကျန့်လည်း ကြောင်လေးကို သေချာပွေ့ချီပြီး ကွမ်းရှန်းပြောတဲ့ စတိုခန်းဘက်ကို လာခဲ့သည်။
စတိုခန်းထဲမှာ ကြောင်လေးကိုရေဘူးနှင့်မုန့်လေးနည်းနည်းထားခဲ့ကာ တံခါးသေချာပိတ်ပြီး အတန်းဘက်ကိုပြန်လာခဲ့သည်။
အတန်းထဲရောက်တော့ ရှောင်းကျန့်လည်းနေရာမှာဝင်ထိုင်ပြီး စာအုပ်ထုတ်ထားလိုက်သည်။"ဘယ်လိုလည်း ဒီနေ့ရဲ့supriseကို သဘောကျလား"
"မကျပါဘူး အလုပ်ရှုပ်တယ်"
"အဲ့ဆိုနောက်နေ့ရဲ့ supriseကို သဘောကျအောင်လုပ်ပေးမယ်"
"တိတ်တိတ်နေ ဆရာလာပြီ"
Part 6
Start from the beginning