ရှောင်းကျန့်စိတ်တိုတိုနှင့် စားပွဲခုံကိုလက်သီးနဲ့ထုလိုက်တာကြောင့် လန့်သွားတဲ့ချူလင်းက မေးလိုက်၏။
"ဒီလိုမျက်နှာနဲ့ဆို မင်းစဥ်းစားကြည့်လေ ဘယ်သူကြောင့် ဆူပုတ်နေရလည်းဆိုတာ"
ချူလင်းဘေးက မုချင်ကပါ စသလိုနောက်သလိုနှင့် စပ်ဖြဲဖြဲပြောနေတာကြောင့် ရှောင်းကျန့် သူ့ခြေထောက်နဲ့ မုချင်ခြေထောက်ကိုလှမ်းကန်လိုက်သည်။
"လာစမနေနဲ့"
" ငါတို့ကျန့်ကျန့်လေး ဒီလိုစိတ်ဆိုးနေပုံရရင် ဧကန်န ရိပေါ်ကြောင့်များလား"
" "
"ပြန်မဖြေပုံထောက်ရင် ဟုတ်နေတာဘဲ ကဲပြောပါအုန်း ရိပေါ်က နင့်ကိုဘာပြောလိုက်လို့လည်း"
"ဒီနေ့ငါ့အတွက် supriseတစ်ခုလာတော့မယ်တဲ့ အဲ့ဒါငါက အေးအေးဆေးဆေးမနေနိုင်ဘူးလားဆိုတော့ မနေနိုင်ဘူးတဲ့လေ"
" ရှောင်းကျန့်ရယ် နင့်ကိုငါမပြောဘူးလား ရိပေါ်ကနင့်အပေါ် တစ်ခုခုထူးဆန်းနေပါတယ်ဆို"
"ချုလင်းရာ နင်အသာနေစမ်းပါ ငါသူ့ကိုထိုးချင်တာ လက်တွေမှယားလို့ ကွမ်းရှန်းဆွဲခေါ်လာလို့သာ"
"အမယ်လေး အကိုရယ် ဆွဲတော့မထိုးလိုက်ပါနဲ့ ငါနင့်ကိုသူအကြောင်းပြောပြထားတယ်လေ သူက....."
"သူက wangမိသားစုရဲ့အမွေဆက်ခံသူ wangမိသားစုဒီကျောင်းကိုတည်ထောင်ထားတဲ့အတွက် ဒီကျောင်းကိုသူလည်းပိုင်တယ်။အဲ့ဒါကြောင့် နင်ကသူ့ကိုသည်းခံရမယ်။
ဒါဘဲမလား နင်ပြောချင်တာ"" နင်က အလွတ်တောင်ရနေပြီဘဲကို ငါပြောသလိုသည်းခံလိုက်စမ်းပါ"
"အေးပါ အေးပါ ငါသည်းခံလိုက်ပါ့မယ် ရပြီမလား စားတော့ ကျောင်းတက်ခါနီးပြီ"
"အေးအေး"
ရှောင်းကျန့် ထမင်းငုံ့စားနေတုန်း ခြေထောက်ကို ပွတ်သီးပွတ်သပ်လာလုပ်တဲ့အရာကြောင့် လန့်ပြီး အောက်ငုံ့ကြည့်လိုက်တော့ ကြောင်လေးတစ်ကောင်။
မျက်လုံးအရောင်တောက်တောက်လေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ကြောင်လေး။
ရှောင်းကျန့်လည်း စားနေတာကိုရပ်လိုက်ပြီး အောက်ကကြောင်လေးကိုပွေ့ချီလိုက်သည်။
Part 6
Start from the beginning